မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၅-၁၁-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၁၉၉၁၅.၉၁၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၂.၃၂၇)သန်း၊ နယ်စပ်မှ (၆၃၆၂.၁၁၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၅.၈၂၇)သန်း၊ စုစုပေါင်း (၁၂၆၂၇၈.၀၃၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၈.၁၅၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၁-၂၀၂၂(Mini Budget) (၅-၁၁-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ ရေတွက်
ပုံ
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်
(၅-၁၁-၂၀၂၁) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၆၀.၃၆၈ ၁.၉၂၁ ၆၂.၂၈၉
ကီလို ၆၈၃၈၁.၃၁၂ ၁၆၉၀.၃၉၀ ၇၀၀၇၁.၇၀၂
  ပဲတီစိမ်း US$ ၁၉.၉၄၂ ၀.၇၉၁ ၂၀.၇၃၃
ကီလို ၂၃၀၃၁.၀၁၅ ၁၂၃၃.၂၆၈ ၂၄၂၆၄.၂၈၃
  ပဲတီစိမ်းလုံးခြမ်း US$   ၀.၀၃၄ ၀.၀၃၄
ကီလို   ၃၂.၀၀၀ ၃၂.၀၀၀
  ပဲစဉ်းငုံ US$ ၈.၉၇၆ ၀.၀၀၀ ၈.၉၇၆
ကီလို ၁၂၄၄၇.၃၄၉ ၀.၀၀၀ ၁၂၄၄၇.၃၄၉
  ကုလားပဲ US$ ၀.၆၁၆ ၀.၀၀၀ ၀.၆၁၆
ကီလို ၈၉၃.၁၃၉ ၀.၀၀၀ ၈၉၃.၁၃၉
  ပဲလွန်းဖြူ US$ ၀.၅၈၈ ၀.၀၁၅ ၀.၆၀၃
ကီလို ၆၄၄.၂၁၃ ၃၂.၂၅၀ ၆၇၆.၄၆၃
  မြေထောက်ပဲ US$ ၁.၄၂၁ ၀.၀၂၁ ၁.၄၄၂
ကီလို ၂၀၀၂.၃၈၃ ၃၃.၀၀၀ ၂၀၃၅.၃၈၃
  ထောပတ်ပဲ US$ ၀.၄၄၀ ၀.၀၀၀ ၀.၄၄၀
ကီလို ၇၅၆.၅၀၀ ၀.၀၀၀ ၇၅၆.၅၀၀
   ပဲယင်း US$ ၂.၃၄၃ ၀.၀၀၀ ၂.၃၄၃
ကီလို ၃၅၅၄.၂၇၁ ၀.၀၀၀ ၃၅၅၄.၂၇၁
  ၁၀ ပဲကြီး US$ ၀.၀၇၉ ၀.၀၀၀ ၀.၀၇၉
ကီလို ၁၄၆.၁၁၈ ၀.၀၀၀ ၁၄၆.၁၁၈
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၀.၃၁၆   ၀.၃၁၆
ကီလို ၅၁၄.၇၆၉   ၅၁၄.၇၆၉
  ၁၂ စွန်တာပြာ US$ ၀.၀၂၅ ၀.၀၀၀ ၀.၀၂၅
ကီလို ၄၂.၀၀၀ ၀.၀၀၀ ၄၂.၀၀၀
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၄ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၅ ဘိုကိတ်ပဲ US$ ၀.၂၁၃ ၀.၀၀၀ ၀.၂၁၃
ကီလို ၃၂၆.၄၇၅ ၀.၀၀၀ ၃၂၆.၄၇၅
  ၁၆ ပဲပုတ်စေ့ US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၇ ပဲနီကြား US$   ၀.၀၃၈ ၀.၀၃၈
ကီလို   ၉၅.၀၀၀ ၉၅.၀၀၀
  ၁၈ နိုင်လွန်ပဲ US$   ၀.၀၀၀ ၀.၀၀၀
ကီလို   ၀.၀၀၀ ၀.၀၀၀
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၀၉၈ ၀.၀၉၈
ကီလို   ၁၄၄.၂၅၄ ၁၄၄.၂၅၄
  ၂၀ မြေပဲဆံ US$ ၆.၉၉၁ ၂.၉၀၉ ၉.၉၀၀
ကီလို ၇၁၆၃.၅၃၉ ၃၁၀၁.၉၅၅ ၁၀၂၆၅.၄၉၄
  ၂၁ အခြားပဲ US$ ၀.၀၀၉ ၀.၀၀၀ ၀.၀၀၉
ကီလို ၁၂.၈၃၅ ၀.၀၀၀ ၁၂.၈၃၅
    ပဲတင်ပို့မှုစုစုပေါင်း US$ ၁၀၂.၃၂၇ ၅.၈၂၇ ၁၀၈.၁၅၄
ကီလို ၁၁၉၉၁၅.၉၁၈ ၆၃၆၂.၁၁၇ ၁၂၆၂၇၈.၀၃၅
Source: Customs