မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၁၇-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၂၀၃၃၁၆.၀၃၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၃၃.၅၆၄)သန်း၊ နယ်စပ်မှ (၇၈၅၃၈၅.၄၄၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၀၃.၂၀၄)သန်း၊ စုစုပေါင်း (၁၉၈၈၇၀၁.၄၇၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၃၆.၇၆၈)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁၇-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ တွက်
ပုံ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်
(၁၇-၉-၂၀၂၁) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၄၉၇.၇၀၅ ၉.၆၆၉ ၅၀၇.၃၇၄
ကီလို ၆၄၄၃၄၆.၄၉၀ ၁၀၉၆၈.၂၃၀ ၆၅၅၃၁၄.၇၂၀
  ပဲတီစိမ်း US$ ၂၂၈.၉၅၄ ၂၉၀.၃၃၄ ၅၁၉.၂၈၈
ကီလို ၂၅၁၅၁၄.၉၅၄ ၄၁၄၃၀၇.၉၈၄ ၆၆၅၈၂၂.၉၃၈
  ပဲတီစိမ်းလုံးခြမ်း US$   ၃.၅၂၇ ၃.၅၂၇
ကီလို   ၂၆၅၀.၅၀၀ ၂၆၅၀.၅၀၀
  ပဲစဉ်းငုံ US$ ၁၃၈.၂၆၉ ၀.၆၅၄ ၁၃၈.၉၂၃
ကီလို ၂၀၅၇၈၅.၃၈၁ ၁၁၁၂.၇၅၀ ၂၀၆၈၉၈.၁၃၁
  ကုလားပဲ US$ ၁၄.၀၁၇ ၁.၉၂၀ ၁၅.၉၃၇
ကီလို ၂၃၉၉၁.၂၄၁ ၃၁၆၉.၅၅၀ ၂၇၁၆၀.၇၉၁
  ပဲလွန်းဖြူ US$ ၁၀.၁၀၅ ၁၇.၄၈၀ ၂၇.၅၈၅
ကီလို ၁၀၈၉၁.၇၆၇ ၃၈၂၈၆.၇၀၄ ၄၉၁၇၈.၄၇၁
  မြေထောက်ပဲ US$ ၁၂.၂၉၁ ၂၅.၄၇၄ ၃၇.၇၆၅
ကီလို ၁၅၆၇၅.၆၈၃ ၃၇၆၆၁.၁၇၀ ၅၃၃၃၆.၈၅၃
  ထောပတ်ပဲ US$ ၁၀.၁၅၄ ၁၅.၃၇၈ ၂၅.၅၃၂
ကီလို ၁၉၀၀၂.၃၀၈ ၂၅၉၄၅.၆၇၀ ၄၄၉၄၇.၉၇၈
   ပဲယင်း US$ ၁၁.၄၈၉ ၂၁.၀၂၂ ၃၂.၅၁၁
ကီလို ၁၇၈၀၆.၇၂၄ ၄၂၇၁၆.၈၄၀ ၆၀၅၂၃.၅၆၄
  ၁၀ ပဲကြီး US$ ၀.၃၃၇ ၁၁.၂၇၅ ၁၁.၆၁၂
ကီလို ၅၆၄.၀၅၈ ၁၈၈၅၆.၆၅၀ ၁၉၄၂၀.၇၀၈
  ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၁.၀၂၁   ၁.၀၂၁
ကီလို ၁၇၉၃.၈၉၃   ၁၇၉၃.၈၉၃
  ၁၂ စွန်တာပြာ US$ ၀.၆၁၉ ၀.၀၀၀ ၀.၆၁၉
ကီလို ၁၀၆၈.၉၅၂ ၀.၀၀၀ ၁၀၆၈.၉၅၂
  ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၁၀.၁၄၆ ၁၀.၁၄၆
ကီလို   ၁၅၆၀၈.၂၈၅ ၁၅၆၀၈.၂၈၅
  ၁၄ ပဲဖြူလေး US$ ၀.၀၂၇ ၀.၀၀၀ ၀.၀၂၇
ကီလို ၄၈.၉၂၅ ၀.၀၀၀ ၄၈.၉၂၅
  ၁၅ ဘိုကိတ်ပဲ US$ ၄.၀၀၆ ၀.၁၇၈ ၄.၁၈၄
ကီလို ၄၇၃၃.၂၉၂ ၂၈၈.၀၅၀ ၅၀၂၁.၃၄၂
  ၁၆ ပဲပုတ်စေ့ US$ ၂.၅၉၅ ၁.၀၅၃ ၃.၆၄၈
ကီလို ၄၀၇၆.၈၃၅ ၂၀၉၉.၃၂၃ ၆၁၇၆.၁၅၈
  ၁၇ ပဲနီကြား US$   ၄.၅၂၂ ၄.၅၂၂
ကီလို   ၉၉၆၆.၅၀၀ ၉၉၆၆.၅၀၀
  ၁၈ နိုင်လွန်ပဲ US$   ၂.၄၂၂ ၂.၄၂၂
ကီလို   ၃၃၄၅.၈၂၅ ၃၃၄၅.၈၂၅
  ၁၉ မြေပဲ(အခွံပါ) US$   ၀.၀၂၁ ၀.၀၂၁
ကီလို   ၃၂.၇၅၀ ၃၂.၇၅၀
  ၂၀ မြေပဲဆံ US$ ၁.၇၇၇ ၁၈၇.၉၀၇ ၁၈၉.၆၈၄
ကီလို ၁၇၆၇.၁၃၄ ၁၅၇၉၃၃.၉၄၃ ၁၅၉၇၀၁.၀၇၇
  ၂၁ အခြားပဲ US$ ၀.၁၉၈ ၀.၂၂၂ ၀.၄၂၀
ကီလို ၂၄၈.၃၉၄ ၄၃၄.၇၁၆ ၆၈၃.၁၁၀
    ပဲတင်ပို့မှုစုစုပေါင်း US$ ၉၃၃.၅၆၄ ၆၀၃.၂၀၄ ၁၅၃၆.၇၆၈
ကီလို ၁၂၀၃၃၁၆.၀၃၁ ၇၈၅၃၈၅.၄၄၀ ၁၉၈၈၇၀၁.၄၇၁

Sources : Customs