မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အား စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုး စိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%) ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုး ကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၁၀-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၁၅၁၈၁၈.၄၆၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၉၂.၄၆၇)သန်း၊ နယ်စပ်မှ (၇၈၄၅၆၁.၅၂၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၀၂.၆၀၆)သန်း၊ စုစုပေါင်း (၁၉၃၆၃၇၉.၉၉၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၉၅.၀၇၃)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁၀-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၁၀-၉-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၄၇၂.၅၆၈ | ၉.၃၃၅ | ၄၈၁.၉၀၃ | |
| ကီလို | ၆၁၃၇၂၇.၆၁၉ | ၁၀၆၆၄.၈၄၀ | ၆၂၄၃၉၂.၄၅၉ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၂၂.၃၇၅ | ၂၉၀.၁၈၁ | ၅၁၂.၅၅၆ | |
| ကီလို | ၂၄၃၈၆၁.၄၀၁ | ၄၁၃၉၅၃.၉၈၄ | ၆၅၇၈၁၅.၃၈၅ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၅၂၇ | ၃.၅၂၇ | ||
| ကီလို | ၂၆၅၀.၅၀၀ | ၂၆၅၀.၅၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၃၁.၀၆၄ | ၀.၆၅၄ | ၁၃၁.၇၁၈ | |
| ကီလို | ၁၉၅၅၇၉.၃၈၁ | ၁၁၁၂.၇၅၀ | ၁၉၆၆၉၂.၁၃၁ | |||
| ၅ | ကုလားပဲ | US$ | ၁၃.၉၄၅ | ၁.၉၂၀ | ၁၅.၈၆၅ | |
| ကီလို | ၂၃၉၀၉.၂၄၁ | ၃၁၆၉.၅၅၀ | ၂၇၀၇၈.၇၉၁ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၉.၉၀၀ | ၁၇.၄၈၀ | ၂၇.၃၈၀ | |
| ကီလို | ၁၀၇၀၅.၇၆၇ | ၃၈၂၈၆.၇၀၄ | ၄၈၉၉၂.၄၇၁ | |||
| ၇ | မြေထောက်ပဲ | US$ | ၁၂.၀၃၆ | ၂၅.၄၇၄ | ၃၇.၅၁၀ | |
| ကီလို | ၁၅၃၁၂.၃၃၃ | ၃၇၆၆၁.၁၇၀ | ၅၂၉၇၃.၅၀၃ | |||
| ၈ | ထောပတ်ပဲ | US$ | ၉.၇၂၆ | ၁၅.၃၇၈ | ၂၅.၁၀၄ | |
| ကီလို | ၁၈၁၅၈.၃၀၈ | ၂၅၉၄၅.၆၇၀ | ၄၄၁၀၃.၉၇၈ | |||
| ၉ | ပဲယင်း | US$ | ၁၁.၁၅၁ | ၂၁.၀၂၂ | ၃၂.၁၇၃ | |
| ကီလို | ၁၇၂၅၉.၄၂၄ | ၄၂၇၁၆.၈၄၀ | ၅၉၉၇၆.၂၆၄ | |||
| ၁၀ | ပဲကြီး | US$ | ၀.၂၈၄ | ၁၁.၂၇၅ | ၁၁.၅၅၉ | |
| ကီလို | ၄၃၅.၃၀၈ | ၁၈၈၅၆.၆၅၀ | ၁၉၂၉၁.၉၅၈ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၀၂၁ | ၁.၀၂၁ | ||
| ကီလို | ၁၇၉၃.၈၉၃ | ၁၇၉၃.၈၉၃ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၆၁၉ | ၀.၀၀၀ | ၀.၆၁၉ | |
| ကီလို | ၁၀၆၈.၉၅၂ | ၀.၀၀၀ | ၁၀၆၈.၉၅၂ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁၀.၁၄၆ | ၁၀.၁၄၆ | ||
| ကီလို | ၁၅၆၀၈.၂၈၅ | ၁၅၆၀၈.၂၈၅ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
| ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၃.၈၉၅ | ၀.၁၇၈ | ၄.၀၇၃ | |
| ကီလို | ၄၆၂၅.၈၄၂ | ၂၈၈.၀၅၀ | ၄၉၁၃.၈၉၂ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၂.၅၉၅ | ၁.၀၅၃ | ၃.၆၄၈ | |
| ကီလို | ၄၀၇၆.၈၃၅ | ၂၀၉၉.၃၂၃ | ၆၁၇၆.၁၅၈ | |||
| ၁၇ | ပဲနီကြား | US$ | ၄.၅၂၂ | ၄.၅၂၂ | ||
| ကီလို | ၉၉၆၆.၅၀၀ | ၉၉၆၆.၅၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၂.၄၂၂ | ၂.၄၂၂ | ||
| ကီလို | ၃၃၄၅.၈၂၅ | ၃၃၄၅.၈၂၅ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၁၁ | ၀.၀၁၁ | ||
| ကီလို | ၁၆.၈၀၀ | ၁၆.၈၀၀ | ||||
| ၂၀ | မြေပဲဆံ | US$ | ၁.၀၆၅ | ၁၈၇.၈၀၆ | ၁၈၈.၈၇၁ | |
| ကီလို | ၁၀၁၀.၁၃၄ | ၁၅၇၇၈၃.၃၆၈ | ၁၅၈၇၉၃.၅၀၂ | |||
| ၂၁ | အခြားပဲ | US$ | ၀.၁၉၆ | ၀.၂၂၂ | ၀.၄၁၈ | |
| ကီလို | ၂၄၅.၁၀၃ | ၄၃၄.၇၁၆ | ၆၇၉.၈၁၉ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၈၉၂.၄၆၇ | ၆၀၂.၆၀၆ | ၁၄၉၅.၀၇၃ | ||
| ကီလို | ၁၁၅၁၈၁၈.၄၆၆ | ၇၈၄၅၆၁.၅၂၅ | ၁၉၃၆၃၇၉.၉၉၁ | |||
Sources : Customs
