ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ

သတင်းထုတ်ပြန်ချက် (၁/၂၀၂၁)

၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်

 

၁။     Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား ချေးငွေ သက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ %) ဖြင့် COVID-19 Fund မှ ချေးငွေ ထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ အစောဆုံး ထုတ်ပေးခဲ့သည့် ချေးငွေများမှာ မကြာမီကာလအတွင်း တစ်နှစ် ပြည့်မြောက်ပြီး ပြန်လည်ပေးဆပ်ရမည့်ကာလ စေ့ရောက်တော့မည် ဖြစ်ပါသည်။

 

၂။     ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရာတွင် လုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ် ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလ စေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။

 

၃။     သို့ပါ၍ COVID-19 Fund မှ ချေးငွေ ရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလ သက်တမ်း တစ်နှစ် စေ့ရောက်သည့်နေ့မှစ၍  နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်ပေးပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်။