တစ်ပတ်အတွင်း မူဆယ်မှ တရုတ်သို့ သစ်သီးဝလံတင်ပို့မှု အခြေအနေ

မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ   တရုတ်နိုင်ငံသို့ နေ့စဉ် သစ်သီးဝလံများ  တင်ပို့လျက်ရှိရာ ဇွန် ၁ ရက်မှ ၁၅ ရက်အထိ ဖရဲ၊ သခွားတင်ပို့မှုမရှိသော်လည်း သရက် ၁၁၈၁၁ တန် တင်ပို့နိုင်ခဲ့သည်။ ဇွန်လပထမပတ်နှင့်  ဒုတိယပတ်တင်ပို့မှုနှိုင်းယှဉ်လျှင် ဇွန် ၁ ရက် မှ ၇ ရက်ထိ ခုနစ်ရက်အတွင်း သရက်တင်ပို့ကားစီးရေ ၁၀ဝ၁ စီး၊ ၆၈၄၈ တန်ဖြစ်ပြီး ဇွန် ၈ ရက်မှ ၁၅ ရက်ထိ ကားစီးရေ ၇၁၇ စီး ၄၉၆၃ တန်ဖြစ် သည့်အတွက် ဇွန်လပထမပတ်တွင် သရက်တင်ပို့မှု ၁၈၈၅ တန် လျော့ နည်းခဲ့သည်။
သရက်သီးဈေးနှုန်းမှာ ဇွန် ၇ ရက်တွင် တစ်တန်  ယွမ်  ၆၀ဝ၀၊ ကျပ် ၁၁၄၆၀ဝ၀ ဖြစ်ပြီး ကြားရက်များ၌ သရက်ဈေး အနည်းငယ်ကျသော် လည်း ဇွန် ၁၅ရက်တွင် တစ်တန်ဈေးနှုန်း ယွမ်  ၆၀ဝ၀ ဖြစ်ခဲ့ပြန်သည်။

မတ် ၂၉ ရက်မှစ၍ ယနေ့အထိ တရုတ်ပြည်တွင်း လူဝင်ထွက်မှု ကန့်သတ်စနစ်ကြောင့် သစ်သီးကားများ  တရုတ်နိုင်ငံ(ဝမ်တိန်)ကွင်းအထိ သွားရောက်ရောင်းချနေရဆဲဖြစ်သလို သစ်သီးကား ဒရိုင်ဘာများ ကိုဝင်ခွင့်မပြုဘဲ တရုတ်ဘက်မှ ရွေးချယ်ထားသော ယာဉ်မောင်းများဖြင့် သာ အဝင်အထွက်ပြုလုပ်နေရသည်မှာ ဧပြီ ၂၀ ရက်မှစ၍ ယနေ့အထိ ဖြစ်သည်။ တရုတ်ဝင်ပေါက်  ကျိန်စန်းကျော့ဂိတ် ပိတ်ချိန်ကို  ယခင် မြန်မာစံတော်ချိန် ည ၈နာရီခွဲအထိ ခွင့်ပြုပေးထားရာမှ ဇွန် ၂ ရက်မှ စ၍ ညနေ ၄ နာရီခွဲသို့  ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း သစ်သီးကား များ အဝင်နည်းခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုမရှိကြောင်း မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

 

ထွန်းမင်းထွန်း(မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန)