“In-Country Training for Non-tariff Measures in ASEAN” ခေါင်းစဉ်ဖြင့် အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများဆိုင်ရာ In-Country Training အခမ်းအနား ကျင်းပပြုလုပ်ခဲ့

၂ဝ၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ “In-Country Training for Non-tariff Measures in ASEAN” ခေါင်းစဉ်ဖြင့် အကောက်ခွန်မဟုတ်သောစီမံ ဆောင်ရွက်မှုများ (NTMs) ဆိုင်ရာ In-Country Training ကို  နေပြည်တော်မြို့၊ MGallery by Sofitel Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ UN-ESCAP၊ UNCTAD နှင့် ERIA မှ တာဝန်ရှိသူများနှင့် Experts များ၊ သက်ဆိုင်ရာဌာနများမှ ဘာသာရပ်ဆိုင်ရာ သင်တန်းသား ကိုယ်စားလှယ် များနှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ Focal Points များ တက်ရောက် ခဲ့ကြပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။