YSX EXPO 2019 စက်တင်ဘာ ၁ရက်တွင် ပြုလုပ်မည်

     ရန်ကုန်စတော့အိတ်ချိန်းက ကြီးမှူးကျင်းပမည့် YSX EXPO 2019 ကို စက်တင်ဘာ ၁ရက်တွင် ရန်ကုန် မြို့ရှိNovotel Yangon Max Hotel ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အခမ်းအနားအတွင်း ပြခန်း (Exhibition Booth)များ ပါဝင်ပြသပေးမည့်အပြင် အခြားသော စတော့ရှယ်ယာနှင့် ပတ်သက်သော ဗဟုသုတ များကို မျှဝေပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စတော့ရှယ်ယာဈေးကွက်ကို စိတ်ပါဝင်စားသူများအတွက် Securities အေ ကာင့်များ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကံစမ်းမဲများစွာကိုလည်း ပါဝင်ကံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အစုရှယ်ယာဈေးကွက်ကို စိတ်ပါဝင်စားသူများအားလုံး ပါဝင်တက်ရောက်နိုင်ပြီး တက်ရောက်ရန် စာရင်းပေးသွင်းလိုပါက http://ysxexpo 2019.ysx-mm.com (သို့) ဖုန်း-၀၉ ၄၄၂၇ ၃၉၇၉၇၊ ၀၁- ၃၇၁၂၇၄(သို့)YSX FB Messenger မှတစ်ဆင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ယခုအခမ်းအနားတွင် ီDia-mond Sponserr မှာ MTSH, MCB, MSEC, CB Securities,MAEX တို့ ဖြစ်ကြောင်း သိရသည်။

      ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာ့စီးပွားရေးဘဏ်၊ ဂျပန်နိုင်ငံမှ Diawa Institute of Research နှင့် Japan Exchange Group တို့ပူးပေါင်း တည်ထောင်ခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကုန် စတော့အိတ်ချိန်းတွင် FMI, MTSH, MCB, FPB နှင့် TMH အစုရှယ်ယာများကို   အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။

 

သန်းထိုက်အောင်