ခွဲခြမ်းသမားပုံမှန်ဝယ်ယူမှုရှိနေတဲ့ မကွေးကုလားပဲ

      မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့    ပဲဈေးကွက်မှာ ကုလားပဲ လက်ကျန် အနည်းငယ်ရှိပေမယ့် ခွဲခြမ်းစက်များကအဝယ်ရှိနေတာကြောင့် တစ်ရက်အိတ်၂၀ဝ နီးပါးရောင်းရကြောင်းသိရသည်။ခွဲခြမ်းစက်သမားများက  ကုလားပဲကိုကြိတ်ခွဲပြီး  အလှူအတန်းများတွင် အသုံးပြုကြသလို ကျောက်ပန်းတောင်း၊   နတ်မောက်၊   မကွေးကိုတင်ပို့တာ ကြောင့် အဝယ်သွက်နေကြောင်း ပဲဈေးကွက်မှသိရသည်။ပဲဈေးမှာ ကုလားပဲတစ်တင်း ကျပ်၂၆၃၀ဝ မှ ၂၆၇၀ဝ နှင့် ဈေးပေးဝယ် နေကာ ဈေးတန့်နေကြောင်း မြို့မတောင်ရပ်မှ ပဲပွဲစားတစ်ဦးက ပြောသည်။
ဆန်းညွန့်(ရေနံချောင်း)