Performa Invoice တွင် ပြည့်စုံစွာဖော်ပြပါရှိရမည့်အချက်များ

(က) ကုန်ဝယ်သူအမည်၊ လိပ်စာ။ (ခ) အမျိုးအမည်၊ အတန်းအစား၊ အရည်အသွေး၊ စံချိန်စံညွှန်း၊ မိုဒယ်၊ အရေအတွက်နှင့် ထုတ်ပိုးမှု စနစ်၊ အထုတ်အပိုးပေါ်တွင်ရိုက်နှိပ်ထားသော ကုန်အမှတ်အသား(ရေတွက်ပုံ Kg, MT, Nose, MTR, Ltr စသည်ဖြင့် ကုန်ပစ္စည်း၏သဘာဝအရ ရေတွက်ပုံစနစ်များကို တိကျစွာဖော် ပြရန်နှင့် ယင်းကုန်ပစ္စည်းများကို ထည့်သွင်းထုတ်ပိုးမှုစနစ်ကို တိကျစွာဖော်ပြရန်ဖြစ်ပါသည်။) (ဂ) တန်ဖိုး၊ တန်ဖိုးစုစုပေါင်း။ (ဃ) ကုန်တင်ဆိပ်ကမ်းနှင့် ကုန်ချဆိပ်ကမ်း။ (င) ပင်ရင်းနိုင်ငံ။ (စ) သယ်ယူပို့ဆောင်မှုနည်းလမ်း။ (ဆ) တာဝန်ရှိလက်မှတ်ထိုးပိုင်ခွင့်ရှိသူ။ (ဇ) ကုန်ရောင်းသူ၏ဘဏ်။ (ဈ) သင်္ဘောတင်ကာလ။