ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ခြင်းတွင် တရုတ်နိုင်ငံများ၏လုပ်ငန်းများ အဆင့်မြင့်တက်

       တရုတ်နိုင်ငံ၏ စီးပွားရေးအသွင် ပြောင်းလဲမှုနှင့်အတူ လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်လာသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ စာရင်းဝင်ကုမ္ပဏီ ၅၀၀ ၏ အဆင့်သတ်မှတ်ခြင်းတွင် တရုတ်နိုင်ငံလုပ်ငန်းများ၏ အဆင့် များ ဆက်လက်မြင့်တက်ခဲ့ ကြောင်း The Fortune Global 500 list ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ တရုတ်နိုင်ငံအနေဖြင့်  ၂၀၁၇ခုနှစ်အား စီးပွားတက်လာသည့်နှစ်အဖြစ် ရှုမြင်ခဲ့ သည်။ တရုတ်နိုင်ငံရှိ လုပ်ငန်းများမှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ထုတ်ပြန်ခဲ့သော ၂၀၁၇ခုနှစ် စာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၁၁၅ အထိ နေရာယူနိုင်ခဲ့သည်။ ထိပ်တန်းလုပ်ဆောင်ချက်များ ကောင်းမွန်သော အမေရိကန်ထက် ၁၇နေရာသာ လျော့ နည်းခဲ့သည်။ အဆင့်သတ်မှတ်ခြင်းတွင် ဤသို့မြင့်တက်လာခြင်းမှာ တရုတ် နိုင်ငံ၏ ၁၄နှစ်မြောက် အဆင့်မြင့်တက် ခြင်းပင်ဖြစ်သည်။
       အဆင့်သတ်မှတ်ခြင်းတွင် အဓိကအားဖြင့် တရုတ်နိုင်ငံကုမ္ပဏီများအနေဖြင့် အင်တာနက်လုပ်ငန်းများ၊ လက်လီရောင်းဝယ်ရေး၊ ဘဏ္ဍာရေးလုပ်ငန်း၊စွမ်းအင်နှင့် အိမ်ခြံမြေကဏ္ဍတို့ပါဝင်သည်။ တရုတ်နိုင်ငံ၏ State Grid  နှင့်  ရေနံကုမ္ပဏီကြီးဖြစ် သော Sinopec Corp မှာ ဒုတိယနှင့်တတိယအကြီးဆုံးဖြစ်ပြီး ၂၀၁၆ခုနှစ် တွင် ဝင်ငွေအမေရိကန်ဒေါ်လာ ၃၁၅ ဘီလီယံနှင့် ၂၆၈ဘီလီယံ အသီးသီး ရရှိခဲ့သည်။ Huawei ကုမ္ပဏီမှာ ယမန်နှစ်တွင် ၁၂၉  နေရာမှ  ယခုနှစ်တွင်ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဘက်များအားလုံးကို ကျော်တက်လျက် အဆင့် ၈၃ အထိမြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံ၏  စီးပွားရေးမှာ ၂၀၁၆ ခုနှစ်တွင် တည်ငြိမ်စွာ ချဲ့ထွင်လာခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်တွင် လုပ် ငန်းကြီးများ၏  တိုးတက်မှုကိုဖြစ် စေခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီး နိုင်ငံအဖြစ် ဆက်လက်တိုးမြင့်လာပြီး ပြိုင်ဘက်အမေရိကန်ထက်လာမည့် သုံးနှစ်မှငါးနှစ်အတွင်း အဆင့်သတ် မှတ်ခြင်း တွင် ကုမ္ပဏီအရေအတွက် ပိုမိုများပြားလာနိုင်မည် ဖြစ်သည်။ တရုတ်လုပ်ငန်း ၁၀ ခုမှာ  အဆင့်ဝင် စာရင်းတွင် ပထမဆုံးအကြိမ်ပါဝင်လာ ခြင်းဖြစ်ပြီး အများစုမှာ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကြီးများဖြစ်သည့် Alibaba နှင့်  Tencent အပါအဝင် ပုဂ္ဂလိကကုမ္ပဏီများဖြစ်သည်။
       ပေါင်းစည်းခြင်းနှင့် ပြန်လည်ဖွဲ့ စည်းခြင်းမှာလည်း တရုတ်နိုင်ငံပိုင်လုပ်ငန်းများကို ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင် နိုင်စွမ်း မြင့်တက်ရေးအတွက် များစွာအကူအညီဖြစ်စေခဲ့သည်။ စက်မှုဆိုင်ရာ အရင်းအမြစ်များ အကောင်းဆုံး ခွဲဝေအသုံးချခြင်းဖြင့် ဗဟိုအစိုးရ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင်ရှိသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း စုစုပေါင်း  ၄၈  ခုမှာ အဆင့်ဝင်စာရင်းတွင် ပါဝင်လာခဲ့သည်။ တရုတ်နိုင်ငံ၏ ငြညာနအေူျ ကော်ပိုရေးရှင်းမှာ ယမန် နှစ်တွင် ၃၂၃ နေရာမှ  ၁၂၀ နေရာသို့ မြင့်တက်ခဲ့သည်။ တရုတ်အစိုးရအနေဖြင့် နိုင်ငံပိုင်ကဏ္ဍများအကြား ပေါင်းစည်းခြင်း နှင့် ပြန်လည်ဖွဲ့စည်းခြင်းအား တွန်းအားပေးမြှင့်တင်ခဲ့ပြီး ကုမ္ပဏီများ၏ စွမ်းဆောင်ရည် မြင့်တက်စေရန် ဆော င် ရွက်လျက်ရှိသည့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ အရေအတွက်အား ၁၀၀ အောက်ထိ လျှော့ချရန် စီမံကိန်းချမှတ် ခဲ့သည်။ တရုတ်နိုင်ငံ၏ အလုပ်အကိုင် ဈေး ကွက်၊ စက်မှုဆိုင်ရာ ဖွဲ့စည်းမှု၊ စားသုံးမှုလိုအပ်ချက်နှင့် ပြည်တွင်း၊ ပြည်ပ စီးပွားရေး အခြေအနေများမှာ နောင်အနာဂတ်တွင် ပြောင်းလဲမှုများစွာ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့