မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကော်ဖီစေ့တင်ပို့
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ တစ်ဆင့် မေ ၂၀ ရက်မှ ၂၆ ရက်အထိ ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၃၁၇၅ တန်ဖိုးရှိ ကော်ဖီစေ့ သုံးတန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ ကော်ဖီစေ့ တင်ပို့မှုမရှိဘဲ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှသာ ကော်ဖီစေ့ နှစ်တန်ကျော်ကို ထိုင်း နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ရွာငံဒေသထွက် ကော်ဖီဟာ အထူးတန်း ဝင်ကော်ဖီ အဖြစ် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် သတ်မှတ်ခံထားရပြီး ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံက ဝယ်ယူကြောင်း၊ ကမ္ဘာ့ ကော်ဖီဈေးကွက်တွင် ဝယ်လိုအားအကောင်းဆုံးနဲ့ ဈေးအမြင့်ဆုံးရရှိတဲ့ ကော်ဖီအမျိုးအစားဖြစ်ေ ကြာင်း၊ ရွာငံမြို့နယ် အတွင်း ကော်ဖီ စိုက်ပျိုးရေးလုပ်ငန်းကို ၂၀၀၆-၂၀၀၇ ခုနှစ် က စိုက်ဧက ၄၀၀၀ ကျော်ဖြင့် စတင်ခဲ့ပြီး ယခုအခါ စိုက်ဧက ၈၀၀၀ ခန့်ရှိလာကြောင်း ရွာငံမြို့နယ် ကော်ဖီအသင်းမှ သတင်းရရှိပါတယ်။
မော်မော်အောင်