ကုန်သွယ်မှုဆိုင်ရာ ငွေကြေးပေးသွင်းမှုများအား Myanmar Payment Union ( MPU ) စနစ်ဖြင့် ပေးချေမည့် လုပ်ငန်းအစီအစဉ် ရှင်းလင်းပွဲ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ငွေကြေးပေးသွင်းမှုများကို မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ချိတ်ဆက်၍ e-Payment စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခုအခါ "MPU (Myanmar Payment Union) စနစ်" ဖြင့် ချိတ်ဆက်ထားသည့် ဘဏ်အားလုံးမှ ပေးချေနိုင်သည့်စနစ်ဖြင့် ရုံးချုပ်၊ နယ်စပ်ကုန်သွယ်ရေးဇုန်/စခန်းများတွင် အသုံးပြုနိုင်ရေးနှင့် Fully Online လိုင်စင်စနစ်ဖြင့် လျှောက်ထားသည့် ပို့ကုန်သွင်းကုန် ကုန်ပစ္စည်းအမယ်များ တိုးချဲ့ထုတ်ပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းမည့် အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်မြို့ UMFCCI တွင် ၂၀၁၇ ခုနှစ်၊ မေလ (၂၂) ရက်၊ (တနင်္လာနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါသည်.