တရားမဝင် သယ်ဆောင် လာတဲ့ ကျောက်စိမ်းတုံး များ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်း OSS အဖွဲ့မှ ထပ်မံတွေ့ရှိ

        မြစ်ကြီးနားမှ ထွက်ခွာလာသည့် Honda Oddesey (အဖြူရောင်) ယာဉ်အမှတ် MON 6D xxxx နှင့် Oddesey (အဖြူရောင်)ယာဉ်အမှတ် YGN 2J /xxxx   တို့ကို ကန်ပိုက် တီစခန်းတွင် OSS အဖွဲ့မှ တားဆီးရှာဖွေစ စ်ဆေးခဲ့ရာ ကားဝမ်းဗိုက်အတွင်း မီးသွေးအိတ်များဖြင့် ဖုံးအုပ်သယ် ဆောင် လာသော ကျောက်စိမ်းဟု ယူဆရသည့် ကျောက်တုံးများကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ပစ္စည်းနှင့်မော်တော် ယာဉ်ကို သိမ်းဆည်းခဲ့ပါသည်။ အဆိုပါ သိမ်းဆည်း ရမိ ကျောက်စိမ်းတုံးများမှာ ကျောက်တုံးကြီးသေးရောရာ ၁၀၅ တုံးနှင့် ကျောက်စိမ်း တုံးကြီးရောရာ ၂၈၃ တုံးဖြစ်ပါသည်။
        ဖမ်းဆီးရမိပစ္စည်းများကို ကန်ပိုက်တီစခန်းတွင် ချိန်တွယ်စစ်ဆေးရန် အခက်အခဲရှိသဖြင့် ဖမ်းဆီးရမိပစ္စည်းများနှင့် မော်တော်ယာဉ်နှစ်စီးကို မြို့နယ် အကောက်ခွန်ဦးစီးဌာန (မြစ်ကြီးနား) သို့လည်းကောင်း၊ ယာဉ်မောင်း နှ စ်ဦးကို ဝိုင်းမော်ရဲစခန်းသို့လည်းကောင်း၊ ဖေဖော်ဝါရီ ၁၆ ရက် ၁၄ : ၃၀ ချိန်တွင် OSS အဖွဲ့နှင့်အတူ ပို့ဆောင်ပေး ခဲ့သည်။
         အဆိုပါ ကျောက်စိမ်းတုံးများကို မြစ်ကြီးနား အကောက်ခွန်ဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အသေးစိတ် ဖွင့်ဖောက်စစ်ဆေးချိန်တွယ်ခဲ့ရာ မော်တော်ယာဉ် နှစ်စီးပေါ်မှ ကျောက်စိမ်းဟုယူဆရသော ကျောက်တုံး စုစုပေါင်း ၃၈၈ တုံး၊ အလေးချိန် ၃၈၃ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ၅၅သိန်း ကျော်ကို စစ်ဆေးတွေ့ရှိခဲ့သည်။ ပစ္စည်းသယ်ဆောင်သူ ယာဉ်မောင်း အောင်မြတ်စိုး နှင့် သက်ဇော်မြင့်တို့ကို အမှုအမှတ် (ပ-၃/၂၀၁၇)၊ (ပ-၄/ ၂၀၁၇) တို့ဖြင့် ဝိုင်းမော်ရဲစခန်းတွင် အမှုဖွင့်လှစ်၍ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

 

မော်မော်အောင်