ဘိလပ်မြေဈေးကွက် အရောင်းသွက်

         ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ  တန်ချိန် ၅၀ သာဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၁၅၀၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၄၉၅၀ ကျော် အဝင်လျော့ခဲ့ပါတယ်။ ဒီတစ်ပတ်  နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၁၁၂၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၂၅၉၉၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၅၁၂၀ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒါ ကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှအဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။
         ရန်ကုန်ဈေးကွက်မှာ  ဘိလပ်မြေ   အရောင်းအဝယ်သွက်ပေမယ့်    ဈေး အပြောင်းအလဲမရှိဘဲ ငြိမ်နေတယ်လို့သိရပါတယ်။  ဈေးကွက်ထဲ  အရောင်းအဝယ် ဖြစ်နေတဲ့  အထိုင်ဈေးမှာ ဆင် (ထိုင်း) ကျပ် ၅၇၀၀၊  စိန်(ထိုင်း) ကျပ် ၅၈၀၀၊ မော်လမြိုင် ဆင် ကျပ် ၅၃၀၀၊ ကြံ့နှစ်ကောင်  (နီ) ကျပ် ၅၃၀၀၊ ကြံ့နှစ်ကောင်(စိမ်း) ကျပ် ၅၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘုရင့်နောင် ပွဲရုံတန်း အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။ မော် လမြိုင်ဘိလပ်မြေဈေးကွက်မှာ က တည်ဆောက်ရေးလုပ်ငန်းတွေ လုပ် နေကြပေမယ့် အရောင်းအဝယ်က ထင်သလောက် မသွက်ဘူးလို့ သိရပါတယ်။ ဒါကြောင့်လည်း ဈေးငြိမ်နေတာပါလို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိ သူတစ်ဦး က ပြောပါတယ်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ဆင်(ထိုင်း) ကျပ် ၅၃၀၀၊ စိန်(ထိုင်း) ကျပ် ၅၄၀၀၊ ကြံ့(မြိုင်ကလေး) ကျပ် ၄၆၅၀ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင် မှ စုံစမ်းသိရပါတယ်။
           တောင်ကြီးဘိလပ်မြေဈေးကွက်မှာ  ပွင့်လင်းရာသီဥတုကြောင့်  အရောင်း အဝယ်သွက်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ပစ္စည်းအဝင်အထွက်မျှတဲ့အတွက် ကြောင့်လည်း ဈေးအတက်အကျ မရှိငြိမ်နေတယ်လို့ သိရ ပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ စိန် (ထိုင်း) ကျပ်၆၄၀၀၊ အပါချီ ကျပ် ၄၂၀၀၊ ကမ္ဘောဇ ကျပ် ၄၂၀၀၊ နဂါးကျပ် ၄၅၀၀၊ ဆင်(ထိုင်း)ကျပ် ၆၃၀၀နဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ရေးဆိုင်မှ စုံစမ်းသိရပါတယ်။

 

သီတာဝင်း (DOT)