ယန်ဇီမြစ်ဝှမ်းစီးပွားရေးဇုန်အား တီထွင်ဆန်းသစ်မှု နည်းပညာဇုန်အဖြစ်ရည်မှန်း

ယန်ဇီမြစ်ဝှမ်းစီးပွားရေးဇုန်ကို အဆင့်မြင့် နည်းပညာဇုန်အဖြစ် ထူ ထောင်ရန် ရည်မှန်းထားကြောင်း၊ ယန်ဇီ စီးပွားရေးဇုန်အတွင်း၌ ပြည်နယ်ကိုးခု နှင့် မြူနီ စပါယ်အုပ်ချုပ်ရေးမြို့ နှစ်မြို့ (ရှန်ဟိုင်းနှင့်ချုံချင်း) အပါအဝင် စုစု ပေါင်း မြို့ကြီး ၅၀ ရှိပြီး ခေတ်မီနည်းပညာ တိုးတက်မှု အားသာချက်များစွာရှိနေ ကြောင်း၊ စုစုပေါင်း လူဦးရေ၏ ၄၀ ရာခိုင်နှုန်းနှင့် တစ်နိုင်ငံလုံး ဂျီဒီပီ၏ သုံးပုံတစ်ပုံရှိကြောင်း သိရှိရပါသည်။စက်တင်ဘာက ထုတ်ပြန်ခဲ့သည့် အမျိုးသား အဆင့် ဖွံ့ဖြိုးမှုနည်း ဗျူဟာ၌ ယန်ဇီမြစ်ဝှမ်း စီးပွားရေးဇုန် သည် တရုတ်ပြည်မကြီး၏ ခေတ်မီ နည်းပညာ ဖွံ့ဖြိုးမှုနှင့် စက်မှုဖွံ့ဖြိုးမှု၏ အဓိကတွန်းအားတစ်ခုအဖြစ် ဖော်ပြ ထားပါသည်။Shanghai Academy of Social Sciences  ၏ အစီရင်ခံစာအရ Inno-vation-driven industrial tran-sformation ၌ ရှန်ဟိုင်းသည် ထိပ်ဆုံး တွင်ရှိနေပြီး   နန်ကျင်းသည်  ဒုတိယ၊ ချန်ဒူးသည်တတိယနှင့် ဝူဟန်၊ ဟန်ကျိုး၊ဆူးကျိုး၊ ချန်ရှ စသည့်မြို့များ သည် တီထွင်ဆန်းသစ်မှု နည်းပညာတွင်အကောင်းဆုံးမြို့များဖြစ်ကြောင်း အဆင့် များခွဲခြား ဖော်ပြထားပါသည်။ ထိုသို့ သတ်မှတ်ရာ၌ နည်းပညာတီထွင် မှု နယ်ပယ်၌ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊အဆင့်မြင့်နည်း ပညာ ကုန်စည် များ ထုတ်လုပ်ခြင်းနှင့် ဆောင်ရွက်မှုအခြေ အနေစသည့်  ညွှန်းကိန်း ၃၁ ခုနှင့် အသေး စိတ်တိုင်းတာထားကြောင်း သိရှိရပါ သည်။ထိုသို့ စိစစ်အမှတ်ပေးတိုင်းတာ ခြင်း၏ ရည်ရွယ်ချက်မှာ မြို့အသီးသီး၏Unique natural endorsements  များကို  မိမိဒေသအသီးသီး၏  နည်းပညာတိုး တက်မှုအတွက်  ရှာဖွေဖော်ထုတ်၍ ပြည်နယ်အသီးသီးရှိ  အားနည်းချက်၊ အားသာချက်များကို သိရှိပြီး အချင်းချင်း ပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဥပမာ ဆူးကျိုးမြို့သည် နည်းပညာ ဆိုင်ရာ ရင်းနှီးမြှုပ်နှံရာတွင် ထိပ်ဆုံးမှ ဖြစ်သော်လည်း R&D ၌  အားနည်းမှု တွေ့ရသည့်အတွက်R&D  အားကောင်း သည့် ဝူဟန်၊နန်ဂျင်း စသည့် မြို့များနှင့် ပူးပေါင်းဆောင်ရွက် ရန် လို အပ်ေ ကြာင်း ဖော်ပြထားပါသည်။ယေဘုယျအားဖြင့် တရုတ်အရှေ့ ပိုင်းပြည်နယ်များသည် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ပြီး အနောက်ဘက်ဒေသများမှာ ဖွံ့ဖြိုးမှု နှေးကွေးနေကြောင်း သိရှိရပါ သည်။ ယန်ဇီမြစ်ဝှမ်းတစ်လျှောက် စီးပွားရေး အခြေခံကောင်းမွန်သည့် မြို့ ပေါင်း ၉၀၀၀ကျော်ရှိပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်ဆောင်ရွက်၍ နည်းပညာတိုး တက်ထွန်းကားရာဒေသအဖြစ် ဖော် ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သန္တာခိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့