CLMV နိုင်ငံများသို့ ထိုင်းထုတ်ကုန်များ ပိုမိုတင်ပို့မည်

        ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်စသည့် CLMV နိုင်ငံ များသည် တိုင်းပြည်စီးပွားရေးတိုးတက်မှု နှင့်အတူ ထိုင်း ထုတ်ကုန်များအပေါ် ဝယ်လိုအားမြင့်တက်လျက်ရှိ ရာ ယင်း နိုင်ငံများသို့ ပိုမိုတင်ပို့မည်ဖြစ်ကြောင်း ဗန်ကောက်ပို့စ်တွင် ဖော်ပြထားပါသည်။ ထိုင်းနိုင်ငံသည် ပြည်ပပို့ကုန်စုစုပေါင်း၏ ၂၃ ရာခိုင် နှုန်းကို အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိရာ CLMV နိုင်ငံ များသို့ တင်ပို့မှုသည် အာ ဆီယံနိုင်ငံများသို့ တင်ပို့မှု စုစု ပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ ယခုနှစ်အတွင်း ထိုင်း နိုင်ငံသည် ဥရောပ၊ အမေရိကန်နှင့်ဂျပန်နိုင်ငံများသို့ တင်ပို့မှု ကျဆင်းချိန်တွင် CLMV နိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရန် အလေးထားဆောင် ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ယခုနှစ်၏ ပထမကိုးလအတွင်း CLMV သို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇ သန်း ရရှိခဲ့ပြီး ၄ ဒသမ ၄၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့