အာရှ၏ ငွေရေးကြေးရေးစင်တာအဖြစ် ထင်ရှားခဲ့သော ဟောင်ကောင်၏ အခန်းကဏ္ဍမှာ မကြာမီ ပျောက်ကွယ်တော့မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်အချို့သုံးသပ်

         အာရှ၏ငွေရေးကြေးရေးစင်တာ အဖြစ် ထင်ရှားခဲ့သော ဟောင်ကောင် ၏ အခန်းကဏ္ဍမှာ ပျောက်ကွယ်တော့ မည်ဖြစ်ကြောင်း ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးရှိ စီးပွားရေးလုပ်ငန်း များ၏ အမှုဆောင်အရာရှိ အများစု က သုံးသပ်ခဲ့သည်။ အချို့က စင်ကာပူအား အကြီးဆုံးပြိုင်ဖက်အဖြစ် ရှုမြင်သကဲ့သို့ အချို့က ရှန်ဟိုင်းကို ဒေသတွင်း ထိပ်တန်းငွေရေးကြေးရေး စင်တာတစ်ခုဖြစ်လာနိုင်ကြောင်းနှင့် ဟောင် ကောင်မှာ နောင်လာမည့် ခြောက်နှစ် မှ ဆယ်နှစ်အတွင်း ပျောက်ကွယ် ဆုံးရှုံး တော့မည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
         အထူးသဖြင့် စင်ကာပူသည် ဒေသတွင်း ထိပ်တန်းအဆင့်ဖြစ်စေနိုင်မည့် အုပ်ချုပ်မှုနှင့်အဖွဲ့အစည်းများအား ပိုင်ဆိုင်ထားကြောင်း London Business School စီးပွားရေးဌာန၏ ပါမောက္ခ Linda Yueh မှ ပြောကြားခဲ့ သ ည်။ အချို့ စီးပွားရေးပညာရှင်များက ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းမှာ ဟောင်ကောင်၏ ယှဉ်ပြိုင်နိုင်စွမ်း အကောင်းဆုံးလုပ်ငန်းဖြစ်ကြောင်း၊ သို့သော်လည်း ဟောင်ကောင်၏ ငွေရေးကြေးရေးလုပ်ငန်းတွင် ယှဉ်ပြိုင်နိုင် စွမ်း နှင့် အခြားအရှိန်မြင့် ဖြစ်ထွန်းလျက် ရှိသော လုပ်ငန်းနယ်ပယ်များရှိ နည်း ပညာကဏ္ဍတွင်များစွာ နောက်ကျ ကျန်နေသည့်အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
        ဘဏ္ဍာရေးလုပ်ငန်းနှင့် တည် ထောင်စလုပ်ငန်းများအား ထောက်ပံ့ပေးနိုင်သည့် ငွေရေးကြေးရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင် များစွာရင်းနှီးမြှုပ်နှံမှုကြောင့် ဟောင်ကောင် ၏ယှဉ်ပြိုင်မှု စွမ်းရည်မြင့်တက်စေနိုင် ပြီး အခြေချနေထိုင်ရန် ရွေးချယ်ရာမြို့အဖြစ် စည်းမျဉ်းစည်းကမ်းများ ခိုင်မာမှု စသည့်အချက်များမှာ ဟောင်ကောင်၏ အားသာချက်များဖြစ်ကြောင်း့ကန့ က ပြောကြားခဲ့သည်။ တရုတ် ပြည်မကြီးမှ လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ကနဦး ရှယ်ယာများ ရောင်းချရာနေရာအဖြစ် စင်ကာပူနှင့်နှိုင်းယှဉ်လျှင် ဟောင်ကောင် အား  သေချာပေါက် ရွေးချယ်မည်ဖြစ် ကြောင်း နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများ က ဈေးကွက်သစ်ရှာဖွေရန်နှင့် တရုတ် ပြည်မကြီးဈေးကွက်အ တွင်း ဝင်ရောက် ရန်အတွက် ဟောင်ကောင်ကိုသာ ရွေးချယ် ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နွေရာသီတွင် တရုတ်၏ စတော့ဈေးကွက် ကမောက်ကမ ဖြစ်ခဲ့ ရာ offshore လုပ်ငန်းများအတွက် ဟောင်ကောင်ပေါ် တွင်သာ အားထား အမှီပြုနေရကြောင်း Yuehက သုံးသပ် ပြောကြားခဲ့သည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဟောင်ကောင်မြို့