ပြည်ပမှ ပဲပုပ်တင်သွင်းမှုအတွက် ထိုင်းနိုင်ငံတွင် အခွန်ကင်းလွတ်ခွင့်ပေးမည်

         ထိုင်းနိုင်ငံသည် ပြည်တွင်း၌ပဲပုပ် စားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက်  ပြည်ပမှပဲပုပ်တင်သွင်းမှုအား  အခွန်ကင်းလွတ်ခွင့် သုံးနှစ်ပေး ရန် အစိုးရအဖွဲ့က အတည်ပြုခဲ့ပါသည်။ ပြည်တွင်းမှ  စိုက်ပျိုးထုတ် လုပ်သည့် ပဲပုပ်၏ဈေးနှုန်းကို လက်ရှိပေါက် ဈေးထက် နှစ်ဘတ်နှုန်းတိုးမြှင့်၍ စား သုံးဆီထုတ်လုပ်မှုအတွက်  ပြည်တွင်း ပဲပုပ်တစ်ကီလိုဂရမ်လျှင် ၁၇ ဒသမ ၅ ဘတ်နှုန်း၊ တိရစ္ဆာန်အစားအစာ ထုတ် လုပ်မှုအတွက် တစ်ကီလို ဂရမ်လျှင် ၁၅ ဒသမ ၇၅ ဘတ်နှုန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုအတွက် ၁၉ ဒသမ ၇၅ ဘတ်နှုန်းစသည်ဖြင့် သတ်မှတ်ခဲ့ပါသည်။
         ယခုကဲ့သို့ ဟင်းသီးဟင်းရွက်ဆီ ကော်မတီမှ ပဲပုပ်၏ဈေးနှုန်းကို တိုးမြှင့် သတ်မှတ်ပေးခြင်းသည် ပြည်တွင်း ပဲပုပ်ထုတ်လုပ်မှု တိုးတက်လာစေရန် ဆောင်ရွက်ခြင်း  ဖြစ်ပါသည်။ ထိုင်း နိုင်ငံ၏  ပြည်တွင်းပဲပုပ်ထုတ်လုပ်မှု မှာ တစ်နှစ်လျှင် တန်ချိန် ၆၀၀၀၀ ခန့်သာ ထုတ်လုပ်နိုင်သဖြင့် ပြည်တွင်းဈေး ကွက်မှာ လိုအပ်တဲ့ ပဲပုပ်တန် ချိန် နှစ်သန်းခန့်ကို ပြည်ပမှ နှစ်စဉ်တင်သွင်း နေရကြောင်း တွေ့ရှိရပါသည်။ ပဲပုပ်ဈေးနှုန်း မြင့်တက်လာသဖြင့်  စပါး ရိတ်သိမ်းပြီးနောက်တွင် ပဲပုပ်စိုက်ပျိုးမှု မြင့်တက်လာနိုင်ကြောင်း၊ ပဲပုပ်တောင်သူများအား အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးငွေ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ပြည် တွင်းပဲပုပ်ထုတ်လုပ်မှုသည် လွန်ခဲ့သည့်နှစ်  အ နည်းငယ်ကတည်းက ကျဆင်းခဲ့ကြောင်း၊ ပဲပုပ်စိုက်ပျိုးမှု အကျိုးအမြတ်သည် ပြောင်းနှင့်နွေစပါးစိုက် ပျိုးမှု အကျိုးအမြတ်ထက် နိမ့်ကျ ကြောင်း၊ ထွက်နှုန်းမြင့် ပဲပုပ်မျိုးစေ့ကို လုံလောက်အောင် မရရှိ ခဲ့ကြောင်း၊ ပြည်တွင်း ပဲပုပ် ဝယ်လို အား မြင့်တက် လျက်ရှိရာ ပြည်ပမှ ပဲပုပ်တင်သွင်းမှု သည်  ဆက်လက်၍ မြင့်တက်လာနိုင် ကြောင်း  စိုက်ပျိုးရေးဘောဂဗေဒရုံး၏ အထွေထွေအတွင်းရေးမှူးချုပ် Ms.Jariya က ပြောကြားခဲ့ပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့