ဟောင်ကောင်မှ ရှယ်ယာများအား တရုတ်နိုင်ငံမှ အာမခံကုမ္ပဏီများ ရောင်းဝယ်နိုင်ပြီ

        တရုတ်နိုင်ငံမှ အာမခံကုမ္ပဏီများသည် ရှန်ဟဲ-ဟောင်ကောင် စတော့ ချိတ်ဆက်မှုမှတစ်ဆင့် ဟောင်ကောင်၏ ရှယ်ယာများဝယ်ခြင်း၊ ရောင်းခြင်း ပြုလုပ်နိုင်ပြီဖြစ်သည်။ တရုတ်နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ရွေးချယ်ရာတွင် ပိုမိုပြောင်းလွယ်ပြင်လွယ်မှုရှိစေရန် ရည်ရွယ်၍ ဖြေလျော့ ခဲ့ခြင်းဖြစ်ပြီး၊ တရုတ်အာမခံလုပ်ငန်းများ စည်းမျဉ်းချမှတ်ရေး ကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် ကြော်ငြာထားကြောင်း စည်းမျဉ်းချမှတ်ရေးအဖွဲ့မှ ပြောကြားခဲ့သည်။

         ယခင်က တရုတ်အာမခံကုမ္ပဏီများအနေဖြင့် အသိအမှတ်ပြု ပြည် တွင်းအဖွဲ့အစည်းများဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများအစီအစဉ်အရ ခွင့်ပြုထား သော ခွဲတမ်းမှတစ်ဆင့်သာ ဟောင်ကောင်ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံနိုင် ကြပြီး၊ တရုတ်အာမခံကုမ္ပဏီများအနေဖြင့် ပထမခြောက်လတွင် ဝင်ငွေ ရရှိမှုမှာ ဟောင်ကောင်ဒေါ်လာ ၁၂၂ ဒသမ ၄ ဘီလီယံသာရရှိခဲ့ကာ ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဤသို့ဖြေလျော့မှုပေးခြင်းဖြင့် ဟောင်ကောင် စေ တာ့ဈေးများ ပြန်လည်မြင့်တက်လာမှုကြောင့် ရရှိမည့်အခွင့်အလမ်းများကို ရယူခံစားနိုင် သည့်အပြင် တရုတ်ပြည်မကြီး၏ ရင်းနှီးငွေများ ပြည်ပသို့ စီးထွက်မှုအစား ဟောင်ကောင်အတွင်း စီးဝင်စေသော ပထမခြေလှမ်းဖြစ်ကြော င်း၊ သတင်း များတွင် ဖော်ပြထားချက်အရ သိရှိရပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့