ဝိုင်တင်သွင်းခွင့် လုပ်ထုံးလုပ်နည်းပါ အယ်လ်ကိုဟော ပါဝင်မှု ရာခိုင်နှုန်း အား ပြင်ဆင်သတ်မှတ်ခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လက်ရှိပြောင်းလဲတိုးတက်လာသော အခြေအနေ အရ နိုင်ငံခြားသား ဝင်ရောက်မှု များပြားလာခြင်း၊ ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိခြင်း တို့ကြောင့် နိုင်ငံခြား ဖြစ် ဝိုင်အမျိုးမျိုးကို တင်သွင်းခွင့်ပြုခဲ့ပါသည်။
အဆိုပါ ဝိုင်တင်သွင်းခွင့်လုပ်ထုံးလုပ်နည်းပါ စည်းကမ်းချက်များခေါင်းစဉ် အပိုဒ် ၈ (ဈ) တွင် ပါဝင်သည့် "တင်သွင်းဝိုင်၏ အယ်လ်ကိုဟော ပါဝင်မှု ရာခိုင်နှုန်း (Alcohol By Volume) မှ (၇%) မှ (၂၀%) အတွင်းရှိရမည်" အစား "တင်သွင်းဝိုင်၏ အယ်လ်ကိုဟော ပါဝင်မှု ရာခိုင်နှုန်း (Alcohol By Volume) မှာ ၂၀% အတွင်းသာ ရှိရမည်" ဟု ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြောင်းလဲ ပြင်ဆင်သတ်မှတ်လိုက်သည်။