နယ်စပ်စခန်းများမှ သစ်သီးဝလံအပို့၊ အသွင်းစုံ

စက်တင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၁၃၅၀၇ တန်ဖိုးရှိ ဖရဲသီး ၈၉၈ တန်ခွဲနဲ့ အုန်းသီး ၁၀၂ တန်ကိုလည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၀၃ တန်ဖိုးရှိ ဖရဲသီး ၁၄ တန်ခွဲနဲ့ နာနတ်သီး သုံးတန်ခွဲကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၇၄၇၀၆ တန်ဖိုးရှိ နာနတ်သီးတန် ၂၀၀ နဲ့ ထောပတ်သီးတန် ၁၀၀ ကိုလည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၀၀၉၄ တန်ဖိုးရှိ ပန်းသီး ၁၆ တန်၊ အုန်းသီး ၁၁ တန်နဲ့ သရက်သီးငါးတန်တို့ကိုလည်းကောင်း အသီးသီး တင်ပို့နိုင်ခဲ့ ပါတယ်။
မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများသို့ သစ်သီးဝလံ တင်ပို့မှုရှိသလို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၂၀ သန်းတန်ဖိုးရှိ ပန်းသီး၊ ပန်းသစ်တော်နဲ့ လိမ္မော်သီး တန်ချိန် ၅၄၀၀ ကျော်နဲ့ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၉၃၀၀၁ တန်ဖိုးရှိ ပန်းသီး ၅၉ တန်၊ လိမ္မော်သီး တန်ချိန် ၈၄ တန်ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၄၂၉၉၃ တန်ဖိုးရှိ နဂါးမောက် သီး၊ ပန်းသီး၊ ပန်းသစ်တော်၊ နန်းမြားသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ နာနတ်သီးနဲ့ မန်ကျည်းချိုသီး တန် ၂၃၀ ကိုလည်းကောင်းအသီးသီး တင် သွင်းလာခဲ့ကြတယ်လို့ သိရပါတယ်။
မော်မော်အောင်