ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှု လျော့ကျသော်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပိုမိုတင်ပို့

သြဂုတ် ၂၀ ရက်မှ ၂၆ ရက်အထိကာလအတွင်း ကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၁၈ သန်းတန်ဖိုးရှိ ဆန် ၈၂၃၈ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၁၇ တန်  လျော့နည်းခဲ့ပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၂၇၉၇ တန်၊ ဧည့်မထဆန်တန် ၉၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၈၆တန်ခန့်၊လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၃၅၅ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။
ဆန်ကွဲတင်ပို့မှုအနေနဲ့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ ၉၃၁တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ၃၀၃ တန် ကျော်တင်ပို့တဲ့အတွက် စုစုပေါင်း ၁၂၃၄ တန်နဲ့ တန်ဖိုး မှာ အမေရိကန်ဒေါ်လာသုည ဒသမ ၄၀၂ သန်းဖြစ်ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၁၉၁ တန်လျော့နည်း ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ သြဂုတ် ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈၄ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၃၉၀၄ တန်တင်ပို့ခဲ့ ရာ တရုတ်နိုင်ငံသို့ဧည့်မထဆန်တန် ၂၃၀၀၊ အီးယူနိုင်ငံများ သို့ ပေါင်းဆန်တန် ၉၅၀ နဲ့ ဧည့်မထဆန်တန် ၆၅၄ တန် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်တင်ပို့မှုထက် တန် ၂၄၅၀ ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ ဆန်အပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၅၉ သန်းတန်ဖိုးရှိ ဆန်ကွဲတန် ၃၁၅၀ ကို အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက တန် ၃၅၀ လျော့နည်းခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ်စ ဧပြီလ ၁ရက်မှ သြဂုတ် ၂၆ ရက်အထိ အမေရိကန်ဒေါ်လာ ၁၁၈ ဒသမ ၈၅၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန်၃၃၁၆၆၄ တန် ကျော်နဲ့ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၀၇၄ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၁၆၄၀၀ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။