ကညနထုတ်ပြန်ချက်အပြီး ကားဈေးကွက်ရောင်းအားမှာယခင်ကထက် ပိုမိုဆိုးရွားစွာ ကျဆင်းသွားခဲ့

      ရန်ကုန်တိုင်းအတွက်  ပါကင်ပါမစ်ဆိုင်းငံ့ထားခြင်းနှင့်  ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ထပ်တိုးကောက်ယူမှု တို့ကြောင့်ယခင်နှစ်များထက် အရောင်းအဝယ် ပိုအေးခဲ့သော  ပြည်တွင်းကား ဈေးကွက်မှာ လွန်ခဲ့သည့်  ဇူလိုင် ၂၆ ရက်တွင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန(ရုံးချုပ်) မှ  ထုတ်ပြန်ခဲ့သော "ပစ်ကပ်၊ လိုက်ထရပ်ယာဉ်များ ဖျက် သိမ်း အပ်နှံ၍ အစားထိုးတင်သွင်းပါက ကုန်တင်ယာဉ်အုပ်စု  တင်သွင်းခွင့်ပြု ရန်ကိစ္စ" အပြီးတွင်  အရောင်းအဝယ် ပိုမိုဆိုးရွားသွားခဲ့သည်။
       ကညန၏အဆိုပါ ထုတ်ပြန်ချက်အရ  ဆလွန်း၊ ဂျစ်၊ ပစ်ကပ်၊ လိုက်ဗင်၊ စတေရှင်ဝက်ဂွန်၊မိုက်ခရိုဘတ်စ်အုပ် စုဝင်ကားများအတွက် အစားထိုးတင်သွင်းပါက  ထိုအုပ်စုအတွင်းရှိ ယာဉ်တစ်မျိုးမျိုးကို ခွင့်ပြု၍ လိုက်ထရပ်၊ ထရ ပ်နှင့်  ဘတ်စ်အမျိုးအစားတို့အတွက် အမျိုးအစားတူ ယာဉ်တစ် မျိုးမျိုးကိုသာ တင်သွင်းခွင့်ပြုမည်ဟု သိရသည်။ ထိုသို့ထုတ်ပြန်ရခြင်းမှာ လိုက်ထရပ်  တိုက်ကြေကားများဖြင့် စလစ်ထုတ်ကာ အိမ်စီးကားများ တင်သွင်းခြင်းကို  ကာ ကွယ်ရန်အတွက် ရည်ရွယ်လို၍ဖြစ်ဟန် တူသော်လည်း လက်ရှိအချိန်တွင် လိုက်ထရပ်ကဲ့သို့ လုပ်ငန်းသုံးယာဉ်များအား စလစ်မလိုဘဲ ဖရီးပါမစ်ဖြင့် တင်သွင်းခွင့်ရှိ သဖြင့် လုပ်ငန်းသုံးယာဉ် တင်သွင်း သူများအတွက်  မည်သို့မျှ ထူးခြားချက် ရှိမည်မဟုတ်ပေ။  ယင်းကိစ္စနှင့် ပတ်သက်၍ motors.com.mm က သီရိ မင်္ဂလာ၊  ရှင်စောပုနှင့် လှိုင်ကားရောင်း ဝယ်ရေးစခန်းရှိ  မော်တော်ယာဉ်တင် သွင်း ရောင်းချသူများအား  မေးမြန်း ကြည့်ခဲ့ရာ ဖရီးပါမစ်ြ ဖင့် တင်သွင်းခွင့်ရနေသော လုပ်ငန်းသုံးကားများနှင့် ပတ်သက်၍  မည်သူမှ စလစ်အတွက် အလုပ်ရှုပ်ခံမည် မဟုတ်ကြောင်းနှင့် လူစီးကား (အိမ်စီးကား) တင်သွင်းခွင့် စလစ်တွေ ဈေးမြင့်သွားနိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြ သည်။
       အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍  အထင်ကရကားလုပ်ငန်းရှင် ကြီးများကလည်း တိုက်ကြေလုပ်စားသူ များကို စနစ်တကျ  ရှာဖွေစိစစ်ကာ ထိုက်သင့်သောအပြစ် ပေးသင့်ကြောင်း၊ ထိုသူများ အား အကြောင်းပြုကာ ကား ဈေးကွက်တစ်ခုလုံး ကမောက်ကမ ဖြစ် အောင် မပြုလုပ်သင့်ကြောင်း ဝေဖန်ခဲ့ကြသည်။ ယင်းထုတ်ပြန်ချက်ကို ကြေညာပြီးနောက်ပိုင်း ကားဈေးနှုန်းများမှာ ယခင်ကထက် (ကားအမျိုး အစားကိုလိုက်၍)၁၅ သိန်းမှ သိန်း ၂၀ အထိ ပိုမိုမြင့်တက်သွားခဲ့ပြီး ယခင်ကထက် ရောင်းအား ပိုမိုကျဆင်းသွားခဲ့သည်။

 

မယ်သီတာ