မြေသြဇာဈေးကွက် အရောင်းအေး

ဇူလိုင် ၁၀ ရက်မှ ၁၆ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေ သြဇာ၁၄၄၈၄တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်မှာ  ၁၅၇၃၅ တန် ဝင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန်၁၂၅၀ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ်မြေသြဇာအဝင်မှာ ၂၄၄၅၈ တန်ကျော်ရှိခဲ့ပြီး၊  ယခင် တစ်ပတ်အဝင်မှာ ၃၇၄၆၄ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၀၀၀ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မန္တလေး၊ မော်လမြိုင်၊ မကွေးနဲ့ တောင်ကြီးမှာ ဈေးနည်းနည်းကျလာတယ်လို့သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာ အရောင်းအေးသလို ဈေးလည်းငြိမ်နေတယ်လို့ သိရပါတယ်။ ဈေး ကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ရွှေတောင်) (တရုတ်) ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅  ပတ်လည် (ထိုင်း) ၃၅၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ၁၅ ပတ်လည် (ထိုင်း) ၂၉၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၁၀၀၀ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၁၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းရရှိခဲ့ပါတယ်။တောင်ကြီးဈေးကွက်မှာ အရောင်းအေးသလို မြေသြဇာများက ယခင်တစ် ပတ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) (ပန်းဖူး-တရုတ်) (ရွှေတောင်) ၂၀၀၀၀ ကျပ်၊ တီစူပါ၂၀%(တရုတ်)၁၂၆၀၀ ကျပ်၊ ပိုးသတ်ဆေး ၁၉၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်)၃၇၅၀၀ကျပ်၊ တီစူပါ၁၀း၁၀း၅ (တရုတ်)၁၅၂၀၀ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၅၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၄၅၀၀ ကျပ်၊ ယူရီးယား (ယူအေအီး)၁၉၀၀၀ ကျပ်၊ မြားကမ္ဘာ ၁၆၀၀၀ ကျပ်ဈေးရှိတယ်လို့  မြေသြဇာ အရောင်းဆိုင်မှစုံစမ်းသိရှိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာများက  ဈေးအနည်းငယ်ကျပြီး အရောင်း အဝယ်အေးတယ်လို့ သိရပါတယ်။  မြားကမ္ဘာ၁၂း၁၃ နဲ့ ဆင်  ၁၀း၁၀း၅ က ၆၀၀ ကျပ်၊ အာမို၁၅ ပတ်လည်က ၁၅၀၀ ကျပ်၊အာမို၁၆း၁၆း၈ က ၅၀၀ ကျပ်၊ ယူရီး ယား(ပန်းဖူး)က ၆၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်)က ၉၀၀ ကျပ်၊ တီစူပါက ၁၇၀၀ ကျပ်နဲ့ တောင်သူမက ၈၀၀ ကျပ် ဈေး ကျလာခဲ့တယ်လို့ သိရပါတယ်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ  မြားကမ္ဘာ-တရုတ် ၁၂း၁၃ ၁၅၈၀၀  ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၅၃၀၀ ကျပ်၊  သီးစုံ (ဝါစိမ်းပြာ)  ၁၅၂၀၀  ကျပ်၊ အာမို  ၁၅ ပတ်လည် ၃၇၀၀၀ ကျပ်၊ အာမို၁၆း၁၆း၈က ၃၅၀၀၀  ကျပ်၊ ယူရီးယား-ပုလဲ   (ပန်းဖူး-တရုတ်)၁၉၂၀၀ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၈၉၀၀   ကျပ်၊ ယူရီးယား ၁၈၀၀၀  ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၀၀၀ ကျပ်၊   တီစူပါ ၂၀၅၀၀ ကျပ်နဲ့  တောင်သူမ ၁၅၀၀၀ ကျပ်၊   ဇာမဏီ  ၁၇၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက် အတွင်းမှ စုံစမ်းသိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာ အရောင်းအဝယ်အေးသလို ဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက် ထဲအရောင်းအဝယ်ဖြစ်နေတဲ့   ဈေးမှာ ယူရီးယား  (ရွှေတောင်-တရုတ်) ၁၈၄၀၀ ကျပ်၊ယူရီးယား (ပန်းဖူး-တရုတ်)၁၉၀၀၀ ကျပ်၊ တီစူပါ(၄၆%-တရုတ်)၁၉၃၀၀ ကျပ်၊ မြားသီးစုံ ၁၃၈၀၀ ကျပ်၊ ပန်းသီးစုံ ၁၄၂၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။