ဟိုတယ်လုပ်ငန်းကို ပူးတွဲလုပ်ကိုင်ရန် ထိုင်းနိုင်ငံ PTT ကုမ္ပဏီကလေ့လာလျက်ရှိ

ထိုင်းနိုင်ငံရှိ PTTအများပိုင် စွမ်းအင်ကုမ္ပဏီသည် ဟိုတယ် လုပ်ငန်း သို့ ဝင်ရောက်လုပ်ကိုင်ရန် လေ့လာ လျက်ရှိပါသည်။ အဓိကအားဖြင့် ဈေးနှုန်းသက်သာသည့် ဟိုတယ်ငယ် လေးများကို ကုမ္ပဏီ၏ စက်သုံးဆီ အရောင်းဆိုင် အနီးပတ်ဝန်းကျင်တွင် ဆောက်လုပ်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားပါသည်။
အမျိုးသားလောင်စာနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအုပ်စုကြီး အနေဖြင့် ဝင်ငွေပိုမိုရရှိရေးအတွက် နည်းလမ်းသစ်များကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စက်သုံးဆီအရောင်းဆိုင် မြေများပေါ်တွင် ဟိုတယ်ငယ်လေးများ တည်ဆောက်၍ လုပ်ငန်းတိုးချဲ့နိုင် ကြောင်း၊ ကုမ္ပဏီ၏ရေနံစီးပွားရေး လုပ်ငန်းဒုတိယအကြီးအကဲ Auttapol Rerkpiboon ကပြောကြားခဲ့ပါသည်။ စက်သုံးဆီရောင်းချခြင်းအပြင် ဟိုတယ် လုပ်ငန်း၊ ဗာဖေသည ကော်ဖီဆိုင် များနှင့် ၂၄ နာရီ ရောင်းချပေးသည့် စတိုးဆိုင် များပါဝင် သည့် ဝန်ဆောင်မှုအမျိုးမျိုးကို ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။
ဟိုတယ်စီးပွားရေးလုပ်ငန်း အတွက် ရင်းနှီးမတည်ငွေဘတ် ၂၅ ဘီလီယံလျာထားမည်ဖြစ်ပြီး တစ်နှစ် အတွင်း အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်သည်။ စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်း၏ အမြတ်ရရှိမှု သည် တစ်နှစ်ထက်တစ်နှစ်လျော့ကျ လာသည့် အခြေအနေများကြောင့် ဝင်ငွေကျဆင်းမှုမရှိစေရေးအတွက် အခြားစီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရ ပါသည်။
စက်သုံးဆီလက်လီအရောင်း ဆိုင်စုစုပေါင်း ၁၅၀၀ ရှိရာမှ ယခုနှစ် ကုန်တွင် ဆိုင်ပေါင်း ၁၇၀၀ သို့တိုးမြှင့် ဖွင့်လှစ်ရန်ရှိပြီး ၂၄ နာရီရောင်းချပေး သည့်  Amazon စတိုးဆိုင်များကိုလည်း ဆိုင်ပေါင်း ၁၂၇၀ ရှိရာမှ ၁၄၀၀ သို့ တိုးမြှင့်ဖွင့်လှစ်ရန် စီစဉ်ထားပြီးဖြစ် ကြောင်း ဖော်ပြထားပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး;
 မြန်မာသံရုံး၊ ဗန်ကောက်မြို့