ဆေးဝါးဈေးနှုန်း ထိန်းချုပ်မှုကြောင့် အိန္ဒိယနိုင်ငံမှာဆေးဝါးဖြန့်ဖြူးမှုကျဆင်း

အရေးကြီးတဲ့    ဆေးဝါးများရဲ့ ဈေးနှုန်းတွေကို  ထိန်းချုပ်လိုက်တဲ့ လုပ်ရပ်ကြောင့်   မျှော်လင့်မထားတဲ့ အခက်အခဲများကို ကြုံတွေ့ခဲ့ရကြောင်း အသည်းဆေး၊  ကင်ဆာဆေး၊ ခွေးရူး ရောဂါ ကာကွယ်ဆေးနဲ့ မြွေဆိပ်ဖြေ ဆေး အပါအဝင် ဆေးဝါးအများအပြား နဲ့ နောက်ဆုံးIV Saline    ဓာတ်ဆားရည် အထိ  ဖြန့်ဖြူးမှုကျဆင်းခြင်း သို့မဟုတ် ဆေးရုံများနဲ့ ဆေးဆိုင်တွေမှာ   ဆေး များပြတ်လပ်ခဲ့ကြောင်းတိုင်းမ်အော့ အိန္ဒိယသတင်းမှာ    ဖော်ပြပါတယ်။
IV Saline     လို ဓာတ်ဆားရည်က အစိုးရဆေးရုံများမှာပင်  ပြတ်လပ်ခဲ့ သလို ပုဂ္ဂလိကဆေးရုံကြီးတွေမှာလည်း ဆေးဝါးပြတ်လပ်မှုကြောင့်   ကင်ဆာ ရောဂါကုသရေး   အစီအစဉ်တွေကို ပြန်လည်ရေးဆွဲဆောင် ရွက်ခဲ့ ရကြောင်း သက်ဆိုင် ရာ သတင်းရပ်ကွက်များက ပြောပါတယ်။''အရေးကြီးတဲ့ ဆေးဝါးတချို့မရ ရှိဘဲ ယာယီပြတ်လပ်မှု  ရှိခဲ့ပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့   ပြည်နယ်၊  ဗဟို အစိုးရတွေနဲ့ ကျွန်တော်တို့ လက်တွဲ ဆောင်ရွက်နေ ပါတယ်။    အစိုးရအဖွဲ့ တွေကလည်းအရေးကြီးတဲ့ဆေးတွေ ဖြန့်ဖြူးမှုကို ရပ်မပစ်ဖို့ ဆေးဝါးကုမ္ပဏီ တွေကို စာနဲ့  အကြောင်းကြားထားပါ တယ်''လို့ ကိုချိမြို့မှ Amrita Institute of  Medical Science ရဲ့   အကြီးတန်း ဆေးဝါး ဆိုင်ရာအုပ်ချုပ်ရေးမှူး ဒေါက် တာဆန်ဂျစ်ဆင်းက ပြောပါ တယ်။
ဒါပေမယ့် ကျန်းမာရေးဌာနအတွင်းဝန် ရာဂျစ်ဆာဒါနန်ဒန်ကမူ အစိုးရဆေးရုံတွေမှာIV Saline ဓာတ် ဆားရည်အနည်းငယ်   ပြတ်လပ်မှု ရှိခဲ့ပေမယ့်တစ်ရက် နှစ်ရက်အတွင်း ပြန်ရမှာဖြစ်ကြောင်း၊အစိုးရဆေးရုံ တွေမှာ ဆေးဝါး အများစုကို  ပြန်လည် ရရှိနေပြီဖြစ်ကြောင်း  ပြောပါတယ်။ဆေးဝါးဈေးနှုန်း ထိန်းချုပ်ရေး အဖွဲ့ဖြစ်တဲ့ အမျိုးသားဆေးဝါးဈေးနှုန်း သတ်မှတ်ရေးအဖွဲ့     (NPPA)  က အခြေခံဆေးဝါးတွေရဲ့ ဈေးနှုန်းကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိလျှော့ချ ဖို့သတ်မှတ်ခဲ့ပါတယ်။ NPPA က ဆေး ဝါးတွေရဲ့ ဈေးနှုန်းတွေကို  ထိန်းချုပ် ကန့်သတ်ဖို့နဲ့ဈေးကွက်အတွင်းဆေးဝါး တွေရရှိအောင်ဆောင်ရွက်ဖို့ လုပ်ပိုင် ခွင့်ရှိတဲ့    အဖွဲ့အစည်းတစ်ခုဖြစ်ပါ
တယ်။