ဒဗလျူတီအိုသို့ အဇာဘိုင်ဂျန်ဝင်ရောက်ရေး နောက်တစ်ကြိမ်အစည်းအဝေးကို ဇူလိုင်မှာ ကျင်းပမည်

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို)သို့ အဇာဘိုင် ဂျန်ဝင်ရောက်ရေအတွက် နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ဂျနီဗာမြို့မှာ ဇူလိုင်၂၁ရက်နဲ့  ၂၂ရက်တို့မှာ ကျင်းပဖို့ စီစဉ် ထားရာ ဒဗလျူတီအိုအဖွဲ့ဝင်နိုင်ငများအတွက် စိတ်ဝင် စား စရာရှိကြောင်း  ထရင်း(Trend) ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။အဇာဘိုင်ဂျန်က ဒေသတွင်းမှာ စီးပွားရေးအရ အကြီး မားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ဒဗလျူတီအိုအတွက်  အရေး ပါတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒဗလျူတီအိုအဖွဲ့ဝင်နိုင်ငံများအတွက်ဆွဲဆောင်မှုမြင့်မားတဲ့  နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဒဗလျူတီအိုဝင်ရောက်ရေးဌာနခွဲ  ညွှန်ကြားရေးမှူး ချီဒူး အိုဆက်ဝီကပြောပါတယ်။ စေ့စပ်ညှိနှိုင်းစဉ်ကာလအတွင်း နှစ်ဖက်အဖွဲ့များက တိုင်းပြည်စီးပွားရေးမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုများနဲ့ လယ်ယာကဏ္ဍမှာ  ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် နောက်ဆုံးအစည်းအဝေး  ကျင်းပစဉ်က အဖွဲ့ဝင်နိုင်ငံတွေကမေးထားတဲ့ မေးခွန်းတွေကို ယခုနှစ် အစည်းအဝေးမှာ အဇာဘိုင်ဂျန်က ပြန်လည်ဖြေကြားပြီး ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါ တယ်။  ရေနံဈေးနှုန်းတွေ ကျဆင်း နေချိန်မှာ တိုင်းပြည်စီးပွားရေးအတွက် အဇာဘိုင်ဂျန်အစိုးရ က စီစဉ်ဆောင်ရွက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုမဟာဗျူဟာကို အစိုးရက ချမှတ်ဆောင်ရွက်ပုံတွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်'' လို့ အိုဆက်ဝီက ပြော ပါတယ်။
ဒဗလျူတီအိုသို့  ဝင်ရောက်ရေးအတွက် ချမှတ်မယ့် စည်းကမ်းချက်တွေနဲ့ပတ်သက်လို့ ပြောကြားရာမှာ အစိုးရ အပေါ်မှာမူတည်ကြောင်းသူကပြောပါတယ်။ ဒဗလျူတီအို သို့ အဇာဘိုင်ဂျန်ဝင်ရောက်နိုင်ရေးအတွက် အချိန် မည်မျှ ကြာဦးမယ်ဆိုတာကို ခန့်မှန်းရခက်ခဲကြောင်း၊ စေ့စပ်ညှိနှိုင်းမှု များကို  ၂၀၀၄ ခုနှစ်မှစတင်ခဲ့ကြောင်း သူကပြောပါတယ်။ ဥပမာအားဖြင့် ဒဗလျူတီအိုအဖွဲ့ဝင်ဖြစ်ရေး စေ့စပ်ညှိနှိုင်းမှုများကို ကာဇက်စတန်က ၁၉နှစ်၊ တရုတ်က ၁၅နှစ်နဲ့ ရုရှား နိုင်ငံက ၁၈ နှစ် အချိန်ယူဆောင်ရွက်ခဲ့ရကြောင်း သူက ပြောပါတယ်။
ယခုလောလောဆယ်မှာ ရုရှား၊ ဆော်ဒီအာရေးဘီးယား နဲ့ နော်ဝေနိုင်ငံတို့က နှစ်နိုင်ငံအပြန်အလှန်သဘောတူ စာချုပ်များကို ဒဗလျူတီအိုမူဘောင်အတွင်းမှ စေ့စပ်ညှိနှိုင်း ဖို့ ကမ်းလှမ်းထားပါတယ်။ အဇာဘိုင်ဂျန်က တူရကီ၊ အိုမန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဂျော်ဂျီယာနဲ့ ကာဂျစ် စတန်နိုင်ငံတို့နဲ့ စေ့စပ်ညှိနှိုင်းပြီးအခြေပြစာချုပ် (Protocol) များကိုချုပ်ဆိုထားပြီးဖြစ်ပါတယ်။