မန္တလေးဈေးကွက်သို့ အင်းတော်နှင်းသီးတင်ပို့

အင်းတော်မြို့နယ် ဒေသထွက်ကုန် နှင်းသီးများ မန္တလေးဈေးကွက်သို့ မှန်လုံ ကားကြီးများ နဲ့ တင်ပို့နေတာတွေ့ရပါတယ်။ နှစ်စဉ် ဇွန်၊ ဇူလိုင်လမှာ လှိုင်လှိုင် ပေါ်တဲ့ အင်းတော်နှင်းသီးများကို နှင်းသီးကုန်သည်များ တစ်ရွာဝင် တစ်ရွာထွက်ဝယ်ယူပြီး ပိသာငါးဆယ်ခန့် ကွမ်းခြင်းများဖြင့် တင်ပို့ကာ မန္တလေးပွဲရုံများသို့ တင်ပို့လျက်ရှိပါတယ်။ နှင်းသီးပေါက်ဈေးတစ်ပိသာ တစ်ထောင် ကျပ်ရှိတဲ့အတွက် နှင်းသီးစိုကမိသားစုများ ဝင်ငွေရနေ တာေ တွ့ရပါတယ်။''အင်းတော်မြို့နယ်အနေအထားက လယ်ယာမြေပေါများပေမယ့် ဥယျာဉ်ခြံမြေ နည်းပါး တာတွေ့ရပါတယ်။ နှင်းသီးပင်များကို  ဥယျာဉ်ခြံများမှာ စိုက်ပျိုးထားတာ မဟုတ်ဘဲ အိမ်ဝင်း များမှာ အရိပ်လည်းရ၊ငွေလည်းရ ဆို တဲ့သဘောမျိုးနဲ့ စိုက်ထားတာတွေ့ရပါတယ်။ ဆယ်နှစ် သား နှင်းသီးပင်တစ်ပင်ကို အသီးပိသာချိန် ၅၀ နဲ့ အထက်ထွက်ပါတယ်။ အိမ်တိုင်းလိုလိုမှာ လေးပင် ငါးပင်အနည်းဆုံးရှိကြပါတယ်။ကုန်သည်ကအပင်တက် အသီးခူး သူကိုငှားရပြီး အိမ်ရှင် လက်ငြိမ်းနဲ့ဝယ်တာပါ၊ နှင်းသီးစိုက်မိသားစုတိုင်း  နှစ်သိန်းကျော် ဝင်ငွေရှိပါတယ်။ အင်းတော် နှင်းသီးက အလုံးလှအသားထူအချိုဓာတ်များလို့ ရောင်းပန်းလှတယ်။   မန္တလေးနှင်းသီးပွဲရုံကို တစ်ပိသ ကျပ် ၂၅၀၀ နဲ့ ရောင်းရလို့  ကုန်သည်များလည်း အကျိုးအမြတ်ရှိပါတယ်။  မနှစ်က ပိသာချိန်နှစ်သောင်းကျော် ဝယ်ယူရောင်းချနိုင်ခဲ့ပါတယ်။ ဒီနှစ်လည်းအထွက်အားကောင်း လို့ မနှစ်ကထက် ပိုပြီး တင်ပို့နိုင် မယ် လို့'' နှင်း သီး ကုန် သည်တစ်ဦးက ဆိုပါတယ်။
  ကြည်နိုင်ဦး-အင်းတော်