အခြေခံအဆောက်အအုံစီမံကိန်းများမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရေးပိုမိုကောင်းမွန်အောင် အိန္ဒိယနိုင်ငံက ဆောင်ရွက်မည်

အာရှဖွံ့ဖြိုးရေးဘဏ်(ADB) အကူအညီဖြင့်  အိန္ဒိယနိုင်ငံသည် ဒေသတွင်း ဆက်သွယ်ရေးပိုမိုတိုးတက် ကောင်းမွန်ရန်အတွက် တောင်အာရှ ဒေသအတွင်း အမေရိကန်ဒေါ်လာငါး ဘီလီယံတန်ဖိုးရှိ အခြေခံအဆောက် အအုံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်းအမျိုးမျိုးကို အကောင်အထည် ဖော်လျက်ရှိကြောင်း  သိရသည်အိန္ဒိယနိုင်ငံသည်(ADB) ၏ အကူအညီဖြင့် ယခုလတ်တလော၌ ဦးစားပေးစြင်္ကံလမ်းမကြီး နှစ်ခုကို အကောင်အထည်ဖော်လျက်ရှိ ကြောင်း၊  ပထမတစ်ခုမှာ မြောက်ပိုင်း ဘင်္ဂေါပြည်နယ်၏ ကြက်လည်ဆံရိုး(Chicken neck)  အပိုင်းကို ဖြတ်၍ အိန္ဒိယနိုင်ငံ၊၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် ဘူတန်နိုင်ငံတို့ကို ဆက်သွယ်ပေးမည့် လမ်းမကြီးဖြစ်ကြောင်း၊ ဒုတိယလမ်းမ ကြီးမှာ အိန္ဒိယနှင့်မြန်မာနိုင်ငံဆက် သွယ်မည့်လမ်းဖြစ်သည့် မဏိပူရတွင် အကောင်အထည်ဖော်မည့်လမ်းဖြစ် ကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ(ADB)  ၏  စီးပွားရေးရာအတွင်းရေးမှူး Shak-tikanta Das က ပြောကြားခဲ့သည်။ထို့ပြင် အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသရှိ Agartala  မြို့နှင့် Petrapole မြို့တို့တွင် စုပေါင်းစစ်ဆေး ရေးဂိတ(Integrated Check Posts - ICPs)  များအသုံးပြုရန် အဆင်သင့်ဖြစ်
အောင်ပြင်ဆင်နေကြောင်း၊ အိန္ဒိယ - မြန်မာနယ်စပ်ရှိ မိုရေးမြို့တွင်လည်း အခြားစုပေါင်း စစ်ဆေးရေးဂိတ်တစ်ခု ကို တည်ဆောက်လိမ့်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့်ဘူတန် နိုင်ငံတို့နှင့်နယ်စပ်ရှိ အဓိကကျ သည့် နေရာများတွင်လည်း ဒေသတွင်းကုန် စည်များစီးဆင်းမှုနှင့်ပြည်သူများ ကူးသန်းသွားလာမှု မြန်ဆန်လွယ်ကူ စေရေး စုပေါင်းစစ်ဆေးရေးဂိတ်များ တည်ဆောက်ရန်နှင့်အကောက်ခွန် ဌာနများ ပိုမိုတိုးချဲ့ထားရှိရန် စီစဉ် လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ သည် အမေရိကန်ဒေါ်လာ ငါးဘီလီယံ တန်ဖိုးနီးပါးရှိ ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ရန်စီစဉ်လျက် ရှိကြောင်း ၎င်းင်းက ထည့်သွင်းပြောကြား ထားကြောင်း သိရပါသည်။
ထို့ပြင် အိန္ဒိယနိုင်ငံသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများ၏ စွမ်းအင်အခြေအနေတိုးတက်ကောင်း မွန်စေရန်လည်း အကူအညီပေးလျက် ရှိကြောင်း၊ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် ဓာတ်အားလိုင်းသည် ဘင်္ဂလားဒေ့ရှ်သို့ မီဂါဝပ် ၅၀၀ ထောက်ပံ့ပေးရန်အတွက် ဖြစ်ပြီး၊ ဓာတ်အားကွန်ရက်များ အပြန် အလှန်ဆက်သွယ်မှုသည် ဘေးကင်း လုံခြုံပြီး စိတ်ချရသည့် ဓာတ်အားလိုင်း များဖြင့် စီစဉ်ထားပါကြောင်း၊NTPC နှင့်Bangladesh Power Development Board   တို့အကြား မီဂါဝပ်၁၃၂၀ ရှိ အပူစွမ်းအင်သုံး စီမံကိန်းကိုလည်း ဖက်စပ်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၃၀ ကေဗွီဓာတ်အားလိုင်းသုံးလိုင်းကို  အကောင် အထည်ဖော်ရန် အိန္ဒိယနိုင်ငံ Exim Bank နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့ ချေးငွေအမေရိကန်ဒေါ်လာ ၆၄ သန်း အကူအညီဖြင့်Power Grid Corporation of India  မှ စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိ ကြောင်း ၎င်းင်းက ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့ပြင် အိန္ဒိယနိုင်ငံနှင့် တာ့ခ်မေး နစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် နိုင်ငံတို့နှင့် ဆက်သွယ်မည့် ကီလိုမီတာ ၁၆၈၀ ရှိ ဧရာမဓာတ်အား လိုင်းတစ်ခု ကိုလည်း ဆောင်ရွက်ရန် ဆွေးနွေး လျက်ရှိကြောင်း၊ အဆိုပါ လေးနိုင်ငံ၏ တောင်းဆိုမှုကြောင့် ADB သည် ၎င်းင်း စီမံကိန်းအား စီစဉ်ပေးရန် သဘောတူ ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး  
မြန်မာသံရုံး၊ နယူးဒေလီမြို့