အေဒီဘီက အာဆီယံစီမံကိန်းများအတွက် ကိုးနှစ်အအတွင်း အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ထောက်ပံ့

အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က အာဆီယံဒေသတွင်းရှိ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄ ဘီလီယံ ကို ထောက်ပံ့မှု သို့မဟုတ် ပူးပေါင်းထောက်ပံ့မှုချေးငွေများ အဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း အေဒီဘီ မှနောက် ဆုံးထုတ်ပြန်တဲ့ အစီ ရင်ခံစာကို ကိုးကားပြီး ဘီဇနက်မိုင်ယာသတင်းမှာ ဖော်ပြပါတယ်။ယခုထောက်ပံ့ခဲ့တဲ့  ငွေပမာဏ က ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်းဆောင်ရွက်ခဲ့တဲ့ စီမံကိန်းပေါင်း ၃၇၆ ခု အတွက် သုံး စွဲခဲ့ခြင်း ဖြစ်ကြောင်း အေဒီဘီ ဘဏ်ကထုတ်ပြန်တဲ့ ''အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး အာဆီယံ-အေဒီဘီပူးပေါင်းဆောင်ရွက်မှု'' အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။စီမံကိန်းစုစုပေါင်းအနက် ၁၁၇ ခုကချေးငွေနဲ့ အာမခံ ချေးငွေ များဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံရှိပါ တယ်။ ကျန်စီမံကိန်း ၂၅၉ ခုက နည်းပညာဆိုင်ရာအကူအညီတွေ ဖြစ်ပြီး တန်ဖိုးအားဖြင့်   အမေရိ ကန်ဒေါ်လာ ၃၅၇ သန်းရှိပါတယ်။ အာဆီယံ  စီမံကိန်းများအတွက် အေဒီဘီကပူးတွဲပြီးချေးငွေအကူ အညီပေးတာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံရှိပါတယ်။ စီမံကိန်းများရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ နည်းပညာအကူအညီအတွက် ၆၃ ရာခိုင်နှုန်းပါဝင်ထောက်ပံ့ပေး တာ ဖြစ် ပါ တယ် ။ချေးငွေများနဲ့ အာမခံချေးငွေများအနက် အမျိုးသားစီမံကိန်း ၉၂ ခုအတွက်ချေးငွေက အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄ ဘီလီယံ ရှိပြီး ဒေသခွဲစီမံကိန်းများအတွက် ချေးငွေက အမေရိကန်ဒေါ်လာ ၂ ဒသမ ၆  ဘီလီယံ ရှိပါ တယ်။ နည်းပညာအကူအညီပေးရာမှာ အမျိုးသားစီမံကိန်း ၁၂၆ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ရှိပြီးဒေသဆိုင်ရာနဲ့ ဒေသခွဲစီမံကိန်းများအတွက် အမေရိကန ဒေါ်လာ ၆၇ သန်းရှိပါတယ်။အေဒီဘီစီမံကိန်း များ အတွက် အေဒီ ဘီ အထောက်အပံ့ကို အများဆုံးရတဲ့  နိုင်ငံများမှာ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် (CLMV)  နိုင်ငံ များဖြစ်ပြီး စုစုပေါင်းချေးငွေအကူအညီရဲ့ ၆၈ရာခိုင်နှုန်းရှိပါ တယ် ။