ဂျာမနီနိုင်ငံတွင် ငှက်တုပ်ကွေး ဗိုင်းရစ်စ်ပိုးအသစ်ဖြစ်သည့် H5N8 ကိုတွေ့ရှိခဲ့ရကြောင်းဖြင့် ဂျာမနီနိုင်ငံပြည်တွင်းမီဒီယာများကဖော်ပြထားချက်ကို ကိုးကား၍ စီအန်န်အေ သတင်းတွင် ဖော်ပြထားသည်။
Monthly Archive
ဖိလစ်ပိုင်နိုင်ငံမှ အီးယူသို့တင်ပို့မည့် အရေးပါသောကုန်စည်အများစုအားအကောက်ခွန်ကင်းလွတ်ခွင့်ဆောင်ကြဉ်းပေးနိုင်သည့် ဖိလစ်ပိုင်နိုင်ငံ၏ GSP+ လျှောက်ထားချက် အပေါ် ဥရောပပါလီမန် က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် လက်ခံသဘောတူခဲ့ပါသည်။
ကမ္ဘာ့ရေနံဈေးနှုန်းများကျဆင်းလာမှုကြောင့် ကိုရီးယားစီးပွားရေးတိုးတက်မှုအပေါ်အပေါင်းလက္ခဏာသက်ရောက်မှုများရှိကြောင်း KDI ကခန့်မှန်း ပြောကြားလိုက်သည်။ ၎င်း ကထုတ်ပြန်သော အစီရင်ခံစာတွင် ရေနံဈေးနှုန်းနှင့် ကိုရီးယားစီးပွားရေးအပေါ်သက်ရောက်မှုကြားဆက်နွယ်ချက်ကို ဆန်းစစ်ထားပြီး၊ ရေနံဈေးနှုန်းတ
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် အင်အားရစ်ချ်တာစကေး ၅ ရှိသည့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြ ထားသည်။ အဆိုပါငလျင်သည် ဇန်နဝါရီလ ၁၄ရက်နေ့ မွန်းလွဲ ၁နာရီ ၂၁မိနစ်အချိန်တွင် လှုပ်ခတ်သွားခြင်းဖြစ်ပြီး တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၏ အနောက်
အိန္ဒိယနိုင်ငံတစ်ဝန်းတွင် အအေးလှိုင်းများ ဖြတ်သန်းမှုကြောင့် နှင်းများထူထပ်စွာကျရောက်ခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ အအေးလှိုင်းများဖြတ်သန်းမှုကြောင့် ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်တွင်လည်း ကျောင်းများပိတ်ထားခဲ့ရကြောင်း အိန္ဒိယတိုင်းမ်သတင်းတွင်ဖော်ပြထားသည်။
ကိုရီးယားအစိုးရ၏ အိမ်ခြံမြေ ဈေးကွက်အား ပြန်လည်အသက်ဝင်စေရန် ကြံဆောင်မှုသည် အသီးအပွင့်များခံစားလာရပြီဖြစ်သည်။ ကိုရီးယားနိုင်ငံအတွင်း ယမန်နှစ်က အိမ် ခြံမြေ အရောင်းစံချိန်သည် ရှစ်နှစ်တာကာလ အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။ ၂၀၀၆ ခုနှစ်ကသာ အိမ်ခြံမြေအရောင်းအတွက် အိမ်ခြံမြေအရောင်းအဝယ်ဖြစ်မှုသည်
ကိုရီးယား Daewoo Shipping and Marine Engineering Co., Ltd က 'The MSC Oscar' အမည်ရှိ ကမ္ဘာ့အကြီးဆုံးကွန်တိန်နာရေယာဉ် (Containership) အားတောင်ပိုင်း ဂျိုဆန်ပြည်နယ်၊ ဂျိုဂျဲမြို့၊ Okpo တွင်တည်ဆောက်၍ ဇန်နဝါရီလ ၈ ရက်နေ့ကရေချခြင်းအခမ်းအနားပြုလုပ်ခဲ့သည်။ ယင်း ကွန်တိန်နာရေယာဉ်သည် China's Ban
၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကာလများတွင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အီကွေဒေါနိုင်ငံနှင့် မော်လ်ဒိုက်ဗ်နိုင်ငံတို့အား အလယ်အလတ်အထက် ဝင်ငွေရှိသော နိုင်ငံများ အဖြစ် ကမ္ဘာ့ဘဏ်က သတ်မှတ်ခဲ့ခြင်းကြောင့် အီးယူသည် အဆိုပါနိုင်ငံများသို့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး GSP ပေးအပ်နေခြင်
တရုတ်လူမျိုးများသည် ကိုရီးယားဂျင်ဆင်းများကို အများဆုံးဝယ်ယူကြသည့် အဓိကဖောက်သည်ကြီးများဖြစ်ကြသည်။ ပြည်ပသို့ ယမန်နှစ် ပထမ ၉ လအတွင်း တင်ပို့သည့် ကိုရီးယား ဂျင်ဆင်း၊ ဂျင်ဆင်းနီ၊ ဂျင်ဆင်းနီအဆီများနှင့် ဂျင်ဆင်းထွက်ကုန်များအားလုံး၏ ၂၂ ရာခိုင်နှုန်းနှင့် ၂၈ ရာခိုင်နှုန်းတို့ကို ဟောင်ကောင်နှင့် တရ
ယခုနှစ်မှာရေနံစိမ်းတွေ အလျှံအပယ်ပေါများလာလိမ့်မယ်ဆိုတဲ့ အထောက်အထားတွေ တွေ့နေရတဲ့အတွက် အမေရိကန် ရေနံစိမ်းဈေးနှုန်းတွေက ဇန်နဝါရီ ၅ ရက်မှာ တစ်စည်ကိုဒေါ်လာ ၅၀အထိကျဆင်းခဲ့ကြောင်း၊ ယခုလိုဈေးနှုန်းကျဆင်းတာက ၂၀၀၉ ခုနှစ် ဧပြီနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ကြောင်း ဂျာကာတာပို့စ်သတင်းမှာ ဖော်