ယခုတစ်ပတ် မတ်ပဲ၊ ပဲတီစိမ်းဈေး အနည်းငယ်ပြန်မာလာတာတွေ့ရပါသည်။ ယခုအပတ် ပါကစ္စတန်ဝယ်လက်များ အဝယ်လိုက်လာခဲ့တယ်လို့သိရပါသည်။နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံကိုတင်ပို့မှုသွက်နေပြီး ပဲအားလုံးထဲမှာ ပဲတီစိမ်းဈေးက ပိုမိုမြင့် တက်လာတာလည်းတွေ့ရပါသည်။ ပဲတီစိမ်းကတော့ ရန်ကုန်အတွက် ဝယ်လက်နဲ့ တရုတ်ပို့ဖို့ဝယ်လက်တွေ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါသည်။ ပဲစင်းငုံပဲဟောင်း လက်ကျန်များများမရှိသလို ပဲအသစ်ကလည်း ဒီနှစ်အထွက်လျော့ မယ်လို့လည်း ခန့်မှန်းကြပါသည်။
Monthly Archive
ယခင်တစ်ပတ်ထက် ပဲမျိုးစုံဈေးတွေ လျော့ကျပေမဲ့ ပြည်ပတင်ပို့မှုကတော့ မတ်ပဲနဲ့ပဲတီစိမ်းမှာ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ပဲတီစိမ်း၊ကုလားပဲကတော့ ဆက်လက်၍ တင်ပို့ မှုလျော့ကျနေတာတွေ့ရပါသည်။ ယခင်ဘုရင့်နောင်ဒိုင်ပေါက်ဈေးနဲ့ ပြင်ပဈေးကွက် ပေါက်ဈေးက တစ်တန် ကျပ်နှစ်သောင်းပတ်လည် ကွာဟနေရာမှ ယခုအပတ်မှာတော့ ကျပ် ငါးထောင်လောက်ဘဲ ကွာဟမှုရှိလာတာတွေ့ရပါသည်။အသစ်ဝင်လာတဲ့ ပဲတီစိမ်း ကတော့ ဈေးကစာခြင်းမရှိဘဲ အရောင်းအဝယ် ပုံမှန်ရှိနေတာကြောင့် ဈေးလည်းပုံမှန် လေးရှိနေပါသည်။
ပဲစင်းငုံစိုက်ဧရိယာ စာရင်းတွေကတော့ ပြီးခဲ့တဲ့နှစ်ထက် အတော်လေးလျော့ ကျကာတွေ့ရပါသည်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်တွင် ပဲတီစိမ်းတင်ပို့ မှုတွင်ပြည်တွင်းဈေး ယခုတစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၆၉၃၄၄၆ ၊ အမေရိကန် ဒေါ်လာ ၈၃၁ တန်ရှိကြောင်းသိရပါသည်။
ပြည်တွင်း ပဲဈေးကွက်မှာ ပြည်ပအဝယ်ပြန်ထွက်လာလို့ အရောင်းအဝယ် ပြန်သွက်လက်လာကြောင်းသိရပါသည် ။ယခုအပတ်တွင် မတ်ပဲဈေးက တစ်တန် ကျပ် ၂၀၀၀၀ ကျော်ပြန်မြင့်လာခဲ့ပါသည်။ အပတ်စဉ် ပဲစင်းငုံတင်ပို့မှုနည်းပေမဲ့ ယခုအပတ် မှာတော့ အနည်းငယ်ပိုလာတာလည်း တွေ့ရပါသည်။ ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း တစ်တန်လျှင် ကျပ် ၅၁၀၀၀၀-၅၂၀၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါသည်။ကုလားပဲ၊ ပဲလွန်းဖြူ၊ အခြားပဲ၊မြေထောက်ပဲ၊ပဲယင်း၊ ပဲကတ္တီပါတွေလည်း တင်ပို့မှုအနည်းငယ်ပိုလာတာတွေ့ရပါသည်။
