Anonymous

(၁၅.၁၂.၂၀၁၂)

မတ်ပဲထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပဲပွဲရုံတစ်ခုမှာ ငွေကြေးအရှုပ်အရှင်းရှိခဲ့ကြောင်း သိရပါသည်။ယခုတစ်ပတ်အတွင်း မတ်ပဲတစ်တန် ကျပ်၃သောင်းကျော်၊ပဲတီစိမ်း တစ်တန် ကျပ် ၂သောင်းကျော်နဲ့ ပဲတီငုံကတော့ ကျပ်တစ်သောင်းခန့်သာ မြင့်တက်လာခဲ့ပါသည်။ ဈေးနှုန်းအဟများ တဲ့အတွက် ပွဲရုံမှာ ရောင်းချဖို့ အပ်နှံထားတဲ့ ပဲများနဲ့ ပတ်သက်လို့ စာရင်းရှင်း လင်းနိုင်ခြင်းမရှိကြောင်းသိရပါသည်။

Anonymous

(8.10.2012)

ပဲတင်ပို့မှုအနေနှင့် မတ်ပဲနဲ့ ပဲတီစိမ်းတင်ပို့မှုက ယခင်တစ်ပတ်ထက် တစ်ဆခန့် ပိုလာပြီး ပဲစင်းငုံနှင့် အခြားပဲတင်ပို့မှု လျော့ကျလာပါသည်။လာမည့် နိုင်ဝင်ဘာလ၊ ဒီဇင်ဘာလတွေမှာ မတ်ပဲနှင့်ပဲစင်းငုံတင်ပို့မှု လျော့ကျနေပြီး ပဲတီစိမ်းကို ဝယ်လိုအား ကောင်းလာနိုင်တဲ့အတွက် တင်ပို့မှုပိုမိုလာနိုင်ကြောင်း ခန့်မှန်းရပါသည်။

Anonymous

မတ်ပဲ(RC) နဲ့ ပဲစင်းငုံနီ(RC) ကို ပြည်ပအဆွဲအေးလို့ ဈေးကွက်ကျဆင်းလာပါသည်။ အိန္ဒိယမှ ပဲသစ်စတင်ဝင်ရောက်လာကာ မြန်မာ့မတ်ပဲများ ဝယ်လိုအားလျော့သွားသဖြင့် ဈေးကျဆင်းကာ အရောင်းအဝယ်ဖြစ်မှု လျော့ကျခဲ့ကြောင်းသိရပါသည်။ မတ်ပဲ(RC) တစ်ရက်အတွင်း တစ်တန်ကို ၄၉၉၅၀၀ ကျပ် ဈေးနှင့် တန် ၁၁၅ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ ကြောင်းသိရပါသည်။ ပဲစင်ငုံနီ(RC) ကိုလည်း အိန္ဒိယဝယ်လိုအား ကျဆင်း ခဲ့သည့်အတွက် ယခုအပတ်တွင်း ပဲစင်းငုံနီ(RC) ဈေးအေးနေသလို အရောင်းအဝယ် လည်းအေးနေကြောင်း သိရပါသည်။