Anonymous

    ပြည်တွင်းစားသုံးသူပြည်သူလူထုအနေဖြင့် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီအား ပြည်တွင်းဈေးနှုန်း ကြီးမြင့်စွာဝယ်ယူ စားသုံးခဲ့ရသဖြင့် ပြည်ပတင်ပို့ခွင့်ပိတ်ပင်ခဲ့ရာမှ ယခုနှစ်တွင်ပြည်တွင်းစားသုံးမှုပိုလျှံသမျှကြက်သွန်နီများ အား ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားဖိုးဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှစနစ် တကျစိစစ်ထိန်းသိမ်းစေပြီး ကြက်သွန်နီစိုက်တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေးရည်ရွယ်ချက်ဖြင့် ကြက်သွန်နီများ ကိုပြည်ပသို့ပြန်လည်တင်ပို့ခွင့်အား (၁၉-၉-၂၀၁၁)ရက်နေ့မှစတင်၍ ခွင့်ပြုဆောင်ရွက်စေခဲ့ရာ ပထမဆုံးပင်လယ်ရေ ကြောင်းမှကြက်သွန်နီပြည်ပသို့ တင်ပို့ခွင့်ရရှိရေး အတွက် Super Soe Co.,Ltd.မှ မလေးရှားနိုင်ငံသို့တန်ချိန်(၆၀)အား တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၄၅၀)ဈေးနှုန်းဖြင့် လိုင်စင်လာရောက်လျှောက်ထားထုတ်ယူခဲ့ပြီးဖြစ်ကြောင်းသိရှိရပါ သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားသုံးမှုပိုလျှံသမျှ ပြည်ပတင်ပို့ရန်အတွက် ပို့ကုန်မူဝါဒချမှတ်ဆောင်ရွက် လျှက်ရှိသော်လည်း ပြည်တွင်းစားသုံးသူပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်အထိ ပြည်တွင်းဈေးနှုန်းကြီးမြင့်လာပြီး ပြည်သူများ၏အကျိုးစီးပွားကိုကာကွယ်ရန်လိုအပ်လာပါက တင်ပို့မှုအား ကန့်သတ် ပိတ်ပင်ခြင်း၊ ကိုတာစနစ်ဖြင့် တင်ပို့ခွင့်ပြုခြင်းများအား နိုင်ငံတကာမှကျင့်သုံးလျှက်ရှိသည့်နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် ကြက်သွန် နီစိုက်ပျိုးထုတ်လုပ်သူတောင်သူများလည်းအကျိုးရှိ၊ ကုန်သည်လုပ်ငန်းရှင်များလည်း အကျိုးရှိ၍ စားသုံးသူပြည်သူလူထုအ နေဖြင့်လည်း သင့်တင့်မျှတသောပြည်တွင်းဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ အတ္တနှင့် ပရမျှတစွာဖြင့် စားဖိုးဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် အမှန်တကယ်စိစစ်ဆောင်ရွက်နိုင်မှသာ ကြက်သွန်နီတင်ပို့မှု တန်ဖိုးများမြင့်တက်လာမည်ဖြစ်ပါသည်။ မြန်မာ့ကြက်သွန်နီသည် အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှထွက် သောကြက်သွန်နီထက် အရည်အသွေးပိုင်းတွင် ရေဓါတ်ပါဝင်မှုနည်းပြီးရေရှည်အထားခံသဖြင့် ဈေးကွက်တွင် ရောင်းပန်းလှသည့် ကုန်ပစ္စည်းဖြစ်သဖြင့် ဈေးကွက်များခိုင်မာစွာဖြင့်ရေရှည်တင်ပို့ရောင်းချနိုင်ရေး အတ္တနှင့်ပရမျှတစွာဖြင့် ကြက်သွန်နီစိုက် ပျိုးထုတ် လုပ်သူတောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များအနေဖြင့် တက်ညီလက်ညီပူး ပေါင်းဆောင်ရွက် ကြစေလိုကြောင်း ဆန္ဒပြုလိုက်ပါတယ်ခင်ဗျား ….

            Exp Mg

Anonymous

၁။ပဲမျိုးစုံပို့ကုန်တင်ပို့နေမှုများနှင့်ပတ်သက်၍ ယခင်ကပစ္စည်းအမှန်တကယ်လက်ဝယ်ရှိ/မရှိ စစ်ဆေးချက်တင်ပြဆောင် ရွက်ရသော်လည်း ယခုအခါပဲမျိုးစုံတန်(၁၂၀)နှင့်အထက်တင်ပို့မှသာ စစ်ဆေးချက်ပူးတွဲတင်ပြရန်လိုအပ်ပြီး တန်(၁၂၀) နှင့်အောက်တင်ပို့သူများအတွက် စစ်ဆေးချက်ပူးတွဲတင်ပြရန်မလိုပါ။

၂။လိုင်စင်လျှောက်ထားမှုများနှင့်ပတ်သက်၍ ယနေ့လျှောက်ထားသောပို့ကုန်လိုင်စင်များအား နေ့စဉ်ကျင်းပပြုလုပ်သော EICC အစည်းအဝေးသို့တင်ပြ၍ အစည်းအဝေးမှခွင့်ပြုချက်ရရှိပါက နေ့ချင်းပြီးလိုင်စင်များထုတ်ပေးလျှက်ရှိပါသည်။ လိုင် စင်သက်တမ်း(၃)လခွင်ပြုပါသည်။

၃။ယခင်ကအင်္ဂါနေ့တွင်လိုင်စင်လက်ခံဆောင်ရွက်ပေးခြင်းမရှိသော်လည်း ယခုအခါအစိုးရရုံးဖွင့်ရက်တိုင်းလိုင်စင်များ လက်ခံဆောင်ရွက်ပေးခြင်း။

၄။ငါးမျိုးစုံတင်ပို့ခြင်းနှင့်ပတ်သက်၍ ယခင်ကရေထွက်ပစ္စည်းဝယ်ယူစုဆောင်းခွင့်(ဝယ်စုကဒ်)နှင့်ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်သည့်(၃)လတစ်ကြိမ်ဈေးနှုန်းအတိုင်းတင်ပို့ခွင့်ပြုခဲ့ရာမှ ယခုအခါဝယ်စုကဒ်တင်ပြရန်မလိုဘဲပြည်ပ Buyer နှင့် အမှန်တကယ်အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း(Sale Contract)ပါလုပ်ငန်းရှင်များလျှောက်ထားသည့်ဈေးနှုန်းအတိုင်း လိုင်စင်လျှောက်ထားခွင့်ပြုခြင်း။

၅။ယခင်ကတစ်ပတ်လျှင်တစ်ကြိမ်သာလိုင်စင်များထုတ်ပေးခဲ့သော်လည်း ယခုအခါနေ့စဉ်ပို့ကုန်လိုင်စင်များလွယ်ကူ လျှင်မြန်စွာဖြင့် ရရှိစေရေးပြောင်းလဲဆောင်ရွက်ပေးခြင်း။

၆။ဈေးနှုန်းအစည်းအဝေးအားယခင်ကနှစ်ပတ်လျှင်တစ်ကြိမ်ကျင်းပဆောင်ရွက်လျှက်ရှိရာမှယခုအခါအပတ်စဉ်တစ်ပတ် လျှင်တစ်ကြိမ်(ကြာသပတေးနေ့တိုင်းဈေးနှုန်းအကြိုညှိနှိုင်းအစည်းအဝေး)နှင့်(သောကြာနေ့တိုင်းဈေးနှုန်းအတည်ပြုအ စည်းအဝေး)တို့အားကျင်းပပြုလုပ်ပြီး ပြည်တွင်း/ပြည်ပတွင်ဖြစ်ပေါ်နေသောဈေးနှုန်းများနှင့်လိုက်လျောညီထွေစွာဖြင့် ရောင်းဝယ်မှုပြုလုပ်နိုင်ရေးဆောင်ရွက်ပေးလျှက်ရှိပါသည်။

၇။ပို့ကုန်လုပ်ငန်းဌာနခွဲအနေဖြင့်ပို့ကုန်လိုင်စင်များအားလုပ်ငန်းရှင်များအနေဖြင့်လွယ်ကူလျှင်မြန်စွာဖြင့်ရရှိအောင်စေတ နာထားဆောင်ရွက်ပေးလျှက်ရှိသော်လည်းလုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်တင်ပို့နိုင်မှုမရှိဘဲလိုင်စင်များလက်ဝယ် ကိုင်ဆောင်ထားပြီး လိုင်စင်ဝယ်ရောင်းပြုလုပ်ခြင်းများဆောင်ရွက်ခြင်းကြောင့် လိုင်စင်တန်ဖိုးနှင့်အမှန်တင်တန်ဖိုးများကွာ ဟချက်ကြီးမားလာပြီး လိုင်စင်ဖောင်းပွမှုများဖြစ်ပေါ်လာသဖြင့် စိစစ်ဆောင်ရွက်ရခြင်း၊ အမှန်တကယ်တင်ပို့နိုင်ခြင်းမရှိပါ က သတ်မှတ်လိုင်စင်ပယ်ဖျက်ကြေးပေးဆောင်၍ ပြန်လည်အပ်နှံရန်ပျက်ကွက်ခြင်း၊ ပို့ကုန်လိုင်စင်ပါတန်ချိန်အတိုင်းတင် ပို့နိုင်ခြင်းမရှိသည့်အခါ သတ်မှတ်ပြင်ဆင်ကြေးများပေးဆောင်၍ အမှန်တင်ပြင်ဆင်ရန်ပျက်ကွက်ခြင်းများရှိနေသဖြင့် လုပ် ငန်းရှင်များအနေဖြင့် မှန်ကန်စွာဖြင့်ဆောင်ရွက်ကြရန် လိုအပ်လျှက်ရှိပါသည်။

Anonymous

မန္တလေးမြို့ရှိ “မောင်ကိန်း” ရွှေဆိုင်မှ ရွှေစင်ရွှေသား(၃၅)ကျပ်သားစီရှိတဲ့ ရွှေညောင်ရွက်(၂)ရွက်ကို ပြုလုပ်ပြီးစီးပြီဖြစ်လို့ ဗုဒ္ဓဂယာသို့သွားရောက်လှူဒါန်းတော့မယ်ဆိုတဲ့ ထူးမြတ်လှတဲ့သတင်းကို ကြားသိရ လို့ ကြည်နူးပီတိဖြစ်ရပါတယ်။

            ဗုဒ္ဓဂယာမှာ လှူဒါန်းမယ့်ရွှေစင်ညောင်ရွက်တစ်ရွက်ချင်းမှာ အလျား (၂၂)လက်မ၊ အနံ(၁၈)လက်မစီ ရှိပြီး ၊ အလေးချိန်(၃၅)ကျပ်သားစီ ရှိကြတယ်လို့သိရပါတယ်။ ဒီရွှေညောင်ရွက် (၂)ရွက်ကို ဆရာတော် အရှင်သောမ(ထားဝယ်) ဦးဆောင်မှုနဲ့ မောင်ကိန်းရွှေဆိုင်မိသားစုတို့ ဗုဒ္ဓဂယာသို့ ကိုယ်တိုင်ပင့်ဆောင် သွားကြမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းဆရာတော်ကြီးများ စုပေါင်းကြီးကြပ် ဆောင်ရွက်မှုများနဲ့အတူ ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်မှ (၂၆) ရက်အထိ လှူဒါန်းမှုအခန်းအနား ကျင်းပလှူဒါန်းမှာ ဖြစ်ပါတယ်။

            ရွှေစင်ညောင်ရွက်(၂)ရွက်ကို အိန္ဒိယနိုင်ငံဗုဒ္ဓဂယာသို့ ယူဆောင်သွားဖို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ပို့ကုန်လုပ်ငန်းဌာနခွဲမှာ ပို့ကုန် ပါမစ်လျှောက်ထားခဲ့ရာ ၊ ဝန်ထမ်းများရဲ့ စေတနာကုသိုလ်ပါဝင်ဆောင်ရွက်ပေးမှုကြောင့် ပို့ကုန်ပါမစ်ကို စိတ်ချမ်းသာစွာချောမွေ့လျင်မြန်စွာရရှိခဲ့တယ်လို့ အလှူရှင်များထံမှ ကြားသိရပါတယ်။

            ပို့ကုန်ပါမစ်လျှောက်ထားရာမှာ သာသနာရေးဝန်ကြီးဌာန ထောက်ခံချက်၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနရဲ့ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းထောက်ခံချက်များ တင်ပြ ခဲ့တဲ့အပြင်၊ ရွှေစင်ရွှေသားဖြစ်နေတာမို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ထောက်ခံချက်ကိုပါ တင်ပြ လျှောက်ထားခဲ့ကြောင်း သိရပါတယ်။

            ပို့ကုန်ပါမစ်ရရှိပြီဖြစ်လို့၂၀၁၁ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့ လေကြောင်းခရီးစဉ်ဖြင့် အိန္ဒိယ နိုင်ငံသို့ ပင့်ဆောင်သွားပြီး ၊ ဗုဒ္ဓဂယာရှိ ဘူမိဖသဘုရားကြီးရဲ့ မျက်နှာကျက်တစ်ဖက်တစ်ချက်မှာ ကပ်လှူ ပူဇော်မှာ ဖြစ်ကြောင်းသိရှိရပါတယ်။

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၊ ဌာနဆိုင်ရာဝန်ထမ်းများထံက ကြားရတဲ့ ပီတိစကားများက တော့ပို့ကုန်မြှင့်တင်ရေးအတွက် မြန်မာ့ထွက်ကုန်များတိုးမြှင့်တင်ပို့ရောင်းချရေး ကြိုးစားနေတဲ့ အချိန်အခါမှာ ပို့ကုန်တင်ပို့ရောင်းချတဲ့ အနေအထားမဟုတ်လို့နိုင်ငံခြားငွေမရရှိပေမယ့် မြန်မာလူမျိုးတို့ရဲ့ အထွဋ် အမြတ်ဗုဒ္ဓဘာသာတရား စတင်ပေါ်ပေါက်ရာ မြတ်စွာဘုရားပွင့်တော်မူရာ ဘူမိနက်သန်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမြို့မှာ ရွှေညောင်ရွက်လှူဒါန်းဖို့ ပို့ကုန်ပါမစ်ရရှိရေးကို ကူညီဆောင်ရွက်ပေးရတာဖြစ်လို့ ဌာန ဝန်ထမ်းများက ကြည်နူးပီတိဖြစ်ရပါတယ်။ကိုယ်တိုင်မလှူဒါန်းနိုင်သော်လည်း၊ လှူဒါန်းမှုအတွက် လိုအပ်တဲ့ ပို့ကုန်ပါမစ်ရရှိရေးကို ဝန်ဆောင်မှုပေးရင်း ကုသိုလ်ရယူခဲ့ကြပါတယ်လို့ ဌာနဝန်ထမ်းများရဲ့ ရင်တွင်းက ပီတိစကားများကြားရပါတယ်။ စာဖတ်ပရိတ်သတ်ကြီးလည်း ကြည်ညိုသဒ္ဒါပွားများကြစေဖို့သတင်းကောင်း ပါးလိုက်ခြင်း ဖြစ်ပါတယ်။

 

 

                                                                                                                                                                Export May

Anonymous

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ 1-11-2011 ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(33/2011)ဖြင့် သစ်၊ဝါး၊ကြိမ်တို့ဖြင့် ပြုလုပ်သောတန်ဖိုး မြှင့်ကုန်ပစ္စည်းများ၏ ပြည်ပပို့ကုန်ရောင်းရငွေအပေါ် စည်းကြပ်ကောက်ခံသည့် ကုန်သွယ် လုပ်ငန်းခွန်ကို 2011ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှ 2012ခုနှစ်ဖေဖော်ဝါရီလ(၁၄)ရက် နေ့အထိ ကင်းလွတ်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

Export Mg

16-9-2011

Anonymous

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ 18-8-2011 ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(156/2011)ဖြင့် ပုဂ္ဂလိကလက်ခစား လုပ်ငန်း(CMP)စနစ်ဖြင့်ဆောင်ရွက်သောလုပ်ငန်းမှ ဝင်ငွေခွန်ကို 10 ရာခိုင်နှုန်းအစား 2 ရာ ခိုင်နှုန်းသို့ 2011ခုနှစ်သြဂုတ်လ(19)ရက်နေ့မှစတင်၍ 2012ခုနှစ် ဖေဖော်ဝါရီလ (18) ရက်နေ့အထိလျှော့ပေါ့သတ်မှတ် ခဲ့ကြောင်း 19-8-2011ရက်နေ့ထုတ် နိုင်ငံပိုင်ကြေးမုံသတင်းစာတွင်ဖေါ်ပြချက်အရ သိရှိရပါသည်။

Export Mg

16-9-2011

Anonymous

      ပြည်ထောင်စုဝန်ကြီးရုံး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ 29-8-2011 ရက်စွဲပါ အမိန့်အမှတ်(1/2011)ဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ နသည် 1947ခုနှစ် သွင်းကုန်ထုတ်ကုန်ကြီးကြပ်ရေး(ယာယီ)အက်ဥပဒေ ပုဒ်မ၃(၁)အရ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ပတင်ပို့ခွင့်မပြုသော ကုန်ပစ္စည်းများအနက်မှ မြေပဲ၊မြေပဲဆီ ၊ ဆိကြိတ်ရာတွင်အသုံးပြုသော နှမ်းနီ ၊ နှမ်းညို ၊ နှမ်းဆီ တို့အား ပြည်ပသို့ ပြန်လည်တင် ပို့ခွင့်ပြုခဲ့ပြီး ဆက်လက်၍ ပြည်တွင်းဈေးကွက်လိုအပ်ချက် အခြေအနေ များအပေါ်မူတည် ပြီး အခါအားလျော်စွာ ပြည်ပတင်ပို့ခွင့်မပြုသော ကျန်ပစ္စည်းများအားလည်း ပြင်ဆင်ဆောင်ရွက်ခွင့်ပြုမည်ဖြစ် ကြောင်းသိရှိရပါသည်။

Export Mg

16-9-2011

Anonymous

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ 2011ခုနှစ် သြဂုတ်လ(11)ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(32/2011)ဖြင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ကို အားပေးသည့်အနေဖြင့် ဆန်၊ပဲမျိုးစုံ၊ပြောင်း၊နှမ်း ၊ ရာဘာ ၊ ရေချို ၊ ရေငံထွက် ရေထွက် ပစ္စည်းများ ၊ တိရ စ္ဆာန်နှင့်တရ စ္ဆာန်ထွက်ပစ္စည်းများ (ကန့်သတ်ကုန်ပစ္စည်းများမှအပ)၏ ပြည်ပပို့ ကုန်ရောင်းရငွေအပေါ် စည်းကြပ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ဃ)အရ 2011ခုနှစ်သြဂုတ်လ(၁၅)ရက်နေ့မှ 2012ခုနှစ် ဖေဖော်ဝါရီလ(14)ရက်နေ့အထိ ကင်းလွှတ်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါ သည်။

Export Mg

16-9-2011

Anonymous

      ပြည်တွင်းမွေးမြူရေးတွင် အဓိကတိရ စ္ဆာန်အစာအဖြစ် အသုံးပြုသော ဆန်ကွဲအား မွေးမြူရေးလုပ်ကိုင်သူများ လုပ်သာကိုင်  သာရှိစေရေးအတွက် ပြည်ပတင်ပို့ခွင့်ပိတ်ပင် ထားခဲ့သော ဆန်ကွဲအား နိုင်ငံတော်အနေဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အကျိုး ဖြစ်ထွန်းစေဖို့အတွက် စပါးမှဆန်ကြိတ်ခွဲချိန်တွင် ရာသီဥတုအခြေအနေအရ စိုထိုင်းဆများ ပြီးဆန်အထွက်နည်း၍ ဆန်ကွဲ ပါဝင်မှုများနေသဖြင့် တောင်သူများအတွက် စပါးဈေးကောင်း ရရှိစေဖို့ ရည်ရွယ်ပြီး ဆန်ကွဲတင်ပို့ခွင့်အား 2011 ခုနှစ် ဇူလိုင်လ(၈)ရက်နေ့မှစတင်၍ ပြည်ပသို့ ပြန်လည်တင်ပို့ခွင့်ပြုခဲ့ရာ 2011 စက်တင်ဘာလ(16)ရက်နေ့အထိ ပင်လယ်ရေ ကြောင်းမှ တင်ပို့ ခွင့်ပြုပြီးဆန်ကွဲလိုင်စင် တန်ချိန်(50335)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (14494650)ဖြစ်ပြီး အမှန်တင်ပို့ပြီး ဆန်ကွဲတန်ချိန်(7725)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (2200790)ဖြစ်ကြောင်းသတင်းရရှိပါတယ်။

Export Mg

16-9-2011