Anonymous

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) Association of South East Asia Nations (ASEAN)

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းလူမှုရေး နှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို တိုးမြှင့်ရန်အတွက် ၁၉၆၇ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

အာဆီယံကို မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံ စသည့် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားပါသည်။ အာဆီယံ၏ မိတ်ဖက်နိုင်ငံ ၁၀ နိုင်ငံမှာ ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယား၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြစ်ပါသည်။ သြစတေးလျသည် ၁၉၇၄ ခုနှစ်တွင် အာဆီယံ၏ ပထမဆုံးဆွေးနွေးဖက်နိုင်ငံဖြစ်လာခဲ့ပါသည်။