စားအုန်းဆီ လိုင်စင်လျှောက်ထားရာတွင် အောက်ပါအချက်များ ပါဝင်ရမည်-

(က) စားအုန်းဆီတင်သွင်းမှုအား လွတ်လပ်စွာတင်သွင်းခွင့် ပြုထားပါသည်။

( ခ) လျှောက်ထားရာတွင် ကုမ္ပဏီ၏ဒါရိုက်တာ List တွင်ပါဝင်သောသူသာ လျှောက်လွှာတင် ပြရမည်။

( ဂ ) Invoice နှင့် Sale Contract တွင် Plan Olein Cloud Point 8’ Max, IV (Iodine Value) 58 Min Specification ကိုက်ညီရပါမည်။

စက်သုံးဆီလိုင်စင်လျှောက်ထားရာတွင် အောက်ပါအချက်များ ပါဝင်ရမည်-

(က) ကုမ္ပဏီများအနေဖြင့် မိမိတင်သွင်းလိုသည့် စက်သုံးဆီပမာဏအား အရေအတွက် ကန့်သတ်ချက် မရှိလျှောက်ထား နိုင်သည်။

( ခ ) စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဈေးနှုန်းနှင့် Specification များအတိုင်း လျှောက်ထားရမည်။