နောက်ဆုံးရ သတင်း

   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ ၁/၂၀၂၄ ကြိမ်မြောက်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားပို့ကုန် မဟာဗျူဟာကို ၂၀၁၃ ခုနှစ်မှ စတင်ရေး ဆွဲခဲ့ပြီး ၂၀၁၅-၂၀၁၉ (၅) နှစ်တာကာလအတွက် ကဏ္ဍ (၁၁) ခုကို ရွေးချယ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့်အဖြစ် ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈)ခုကို ရွေးချယ်အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ကဏ္ဍအလိုက် အသေးစိတ်လုပ်ငန်းစီမံချက်များနှင့် ပင်မလုပ်ငန်းစီမံချက်ကို ရေးဆွဲပြီးဖြစ်၍ စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတို့ကလည်း အတည်ပြုပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီနှင့် အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖွဲ့စည်းပေးပြီးဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီကချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များကိုအခြေခံကာ ကာလ တိုအတွင်း ရလဒ်ထွက်ပေါ်နိုင်စေမည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်မည့်အဖွဲ့များအနေဖြင့် သက်ဆိုင်ရာဌာနချင်း နီးကပ်စွာပူးပေါင်း ဆောင် ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။

   ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အမျိုးသားပို့ကုန်မဟာဗျူဟာ ပထမအဆင့် ၂၀၁၅-၂၀၁၉ တွင် ကဏ္ဍ (၁၁)ခု အတွက် ၆၉ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ယခုဒုတိယအဆင့် ၂၀၂၀-၂၀၂၅ တွင် ကဏ္ဍ (၁၈)ခု ရွေးချယ်ထားရှိပြီး  ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်ရေး ရည်မှန်းချက်ထား ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်အောင်မြင်ရေးအတွက် ပိုမိုကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရန်အတွက် ပိုမိုလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များအတိုင်း အဖွဲ့ဝင်များမှ ဝိုင်းဝန်ပူး ‌ပေါင်းဆောင်ရွက်သွားစေလိုကြောင်း၊ ဌာနများက လက်ရှိအကောင်အထည်ဖော်နေသည့် ဦးစားပေးလုပ်ငန်းများနှင့်ချိတ်ဆက်ပြီး ရေတိုအကျိုးရလဒ်ဖြစ်ထွန်းမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးဖော် ထုတ်သွားစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

  ဆက်လက်၍ ကော်မတီတွဲဘက်အတွင်းရေးမှူး-၁ ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက အမျိုးသားပို့ကုန်မဟာဗျူဟာ ဖွဲ့စည်းဆောင်ရွက်မှုနှင့်ကဏ္ဍအလိုက်အကောင်အထည်ဖော်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

   ဆက်လက်၍ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ ကော်မတီအဖွဲ့ဝင်များနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌများက ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ တင်ပြမှုများအပေါ် ပို့ကုန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကဖြည့်စွက်ဆွေးနွေးပြီးလမ်းညွှန်မှာကြားခဲ့သည်။  

   အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌများ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီ တစ်ပိဿာလျှင် ၅,၁၈၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅        

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁) နှင့် (၂) သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ပို့ကုန်ကြေညာ လွှာ (Export Declaration- ED) နှင့် သွင်းကုန်ကြေညာလွှာ (Import Declaration- ID) များ မှန်ကန်မှု ရှိစေရေး ဌာနဆိုင်ရာ One-Stop-Service (OSS) အဖွဲ့များက စနစ်တကျ စိစစ်စစ်ဆေး ရန်၊ သတ်မှတ်နယ်စပ်မြို့ကို ဖြတ်ကျော်၍ ပြည်တွင်းသို့ တင်သွင်းမည်ဆိုပါက သွင်းကုန်လုပ်ထုံး လုပ်နည်းများအတိုင်း သွင်းကုန်လိုင်စင်ရယူခြင်း၊ အခွန်အရပ်ရပ်ပေးဆောင်ခြင်းများ ဆောင်ရွက် ရေးတို့ကို စိစစ်ကြပ်မတ်ရန်နှင့် တရားမဝင် တင်ပို့တင်သွင်းခြင်းများမရှိစေရေး အလေးထား ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲ‌ခေါင်အပြည်ပြည် ဆိုင်ရာမြစ်တွင်းဆိပ်ကမ်း (ဝမ်ပုံ) သို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာ One-Stop-Service (OSS) အဖွဲ့များ၏ ရှင်းလင်းတင်ပြမှုအပေါ် မဲခေါင်မြစ်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းကို စစ်ဆေးရာ၌ ကြန့်ကြာမှုမရှိစေရေးနှင့် မှန်ကန်သည့် ကုန်သွယ်မှုဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။      

ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းလပ်ကုန်သွယ်ရေး စခန်းနှင့် မြန်မာ-လာအို ချစ်ကြည်ရေးတံတားရှိ Border Control Facility (BCF) ဂိတ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာမှ တာဝန်ရှိဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးပြီး ကျိုင်းလပ်(မြန်မာ)-ကျိုင်းခုတ်(လာအို) ချစ်ကြည်ရေးတံတားကို အသုံးပြု၍ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တစ်ဆင့်ခံ ဖြတ်သန်းကုန်သွယ်မှု (Transit Trade) တိုးတက်ဖြစ်ထွန်းရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်း များသာမက ဒေသရှိ တိုင်းရင်းသား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ကြ စေရေးမှာကြားပြီး  ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမင်းမင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ SKY EXPO ဗီယက်နမ်နိုင်ငံတကာပြပွဲဗဟိုဌာန၌  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၉ ရက် နေ့အထိ ကျင်းပပြုလုပ်မည့် (၁၅) ကြိမ်မြောက် ဗီယက်နမ် နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံး အဆောင်ပစ္စည်းများပြပွဲ အခမ်းအနားသို့တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်‌နေ့ (၁၆:၄၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့သည်။

          အဆိုပါပြပွဲသည် နိုင်ငံတကာမှ ပရိဘောဂပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ ထုတ် လုပ်သူ၊ ရောင်းချသူ၊ ဝယ်ယူသူအစရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက် နိုင်ခြင်း၊ စီးပွာ‌ရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများရရှိကာ မြန်မာ့ပရိဘောဂထုတ်ကုန် ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုချဲ့ထွင်တင်ပို့နိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့်  နိုင်မည်ဖြစ်ပါသည်။ ကုန်စည်ပြပွဲသို့ တက်ရောက်ပြီးနောက် ဗီယက်နမ်နိုင်ငံရှိ အုန်းသီးစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုအခြေအနေများအား လေ့လာကာ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာဆိုင်ရာကိစ္စ များ ဆွေးနွေးသွားမည်ဖြစ်ပါသည်။

          အဆိုပါခရီးစဉ်သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်၊ ဌာနဆိုင်များမှ တာဝန်ရှိသူ များနှင့်အတူ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်လုပ်ငန်းရှင်များ လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း