နောက်ဆုံးရ သတင်း

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BAIC ARCFOX α T အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်နှင့်  လျှပ်စစ်သုံးယာဉ်အား သွင်းစက်များ၊ Super Seven Star Motors Industry Co.,Ltd မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံ ထုတ် KIA NIRO အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာပါသဖြင့် ၁၆-၂-၂၀၂၄ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်း ရရှိ သည်။

နေပြည်တော်၊ ဇန်နဝါရီ ၁၅ 

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng E70 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX α S အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ် ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

   ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန၏ (၁၉) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေး အမှာစကားပြောကြားခဲ့ သည်။

   အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရန်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ စည်းလုံးပျော် ရွှင်စွာ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထများရရှိစေရန်နှင့် ဝန်ထမ်းများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရှိစေရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စည်းလုံးညီညွတ် ပျော်ရွှင်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ဦးစီးဌာနများအလိုက် ပြိုင်ပွဲဝင်အသင်းများ၏ တပျော်တပါး ထမနဲထိုးယှဉ်ပြိုင် နေမှုကိုလိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသည့်အသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄         နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာ များအား နေပြည်တော်တိုင်း စစ်ဌာနချုပ်သို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လာရောက်ဂုဏ်ပြု ပေးအပ်သည်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ပေးအပ် လှူဒါန်းသည့် ငွေကျပ်သိန်း (၁၅၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့်ငွေကျပ်သိန်း(၅၀)၊ စုစုပေါင်းကျပ်သိန်း (၂၀၀) တန်ဖိုးရှိ ငွေသားနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို တိုင်းမှူးထံ ပေးအပ်ခဲ့ပြီး တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ  ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှဖေဖော်ဝါရီလ ၁၈ ရက်နေ့ အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၁၄၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ် ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း