admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ နယ်စပ်စခန်းများဖြစ်သော မြဝတီကုန်သွယ် ရေးဇုန်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများက နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း ကန် ဒေါ်လာ ၂ ဒသမ ၉၂၈ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၀၁၇ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၀၂ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

  ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသများမှထုတ်လုပ်သောသစ်များကို ယခင်နှစ်များက အိမ်နီးချင်းနိုင်ငံသို့ တရားဝင်တင်ပို့ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ဧပြီလမှ စ၍ ပြည်ပသို့သစ်လုံးတင်ပို့ခြင်းကို ပိတ်ပင်လိုက်သဖြင့် ခုတ်လှဲထားပြီး သစ်လုံးများစွာသစ်တောများထဲ၌ကျန်ရှိနေပါတယ်။ အချို့ကနည်းမျိုးစုံဖြင့်သယ်ယူပြီး အိမ်နီးချင်းနိုင်ငံ သို့ တင်ပို့နေကြသလို အချို့ကလည်း သစ်အချောထည်ပရိဘောဂစက်ရုံတည်ပြီး ပရိဘောဂများထုတ်လုပ်သွားရန် စီစဉ်မှုများလည်းရှိနေကြတယ်လို့သိရပါတယ်။

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက အောက်တိုဘာလ ၁၅ ရက် မှ ၂၁ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၃၁၇ သန်း တန်ဖိုးရှိ သဲကဏန်း ၁ တန်ကျော်၊ ကဏန်းနီ ၇၆ တန်ကျော်၊ ကဏန်းသေးအသေ ၂ တန်ကျော်၊ ကဏန်းပျော့ ၁၃ တန်ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်သီတင်းပတ်က ကဏန်းတင်ပို့မှု အနေနဲ့ သဲကဏန်းတစ်မျိုးတည်းသာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုသီတင်းပတ်တွင် ကဏန်းတင်ပို့မှုမှာ ၉၃ တန်နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူး  ဆွမ်ချိုင်းရန်ဆာခွန်က ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး နယ်စပ်ဂိတ်အား နံနက် ၆း၃၀ နာရီမှ ည ၉း၀၀ နာရီချိန်ထိ တိုးချဲ့ဖွင့်လှစ်ပေးသွား မယ်လို့ နိုဝင်ဘာလ ၂၁ ရက်နေ့ကပြောကြားလိုက်ပါတယ်။ လက်ရှိမှာ နံနက် ၆း၃၀ မှ ညနေ ၆း၃၀ ထိသာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ လာမယ့်နှစ် ၂၀၁၅ မှာတော့ ည သန်းခေါင်ယံချိန်ထိ တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

admin_ygn

   နိုဝင်ဘာလ ၁ ရက်မှ ၂၀ ရက် အတွင်း   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်   ကုန်သွယ်ရေး ဇုန်မှ  ကန်ဒေါ်လာ  ၄ ဒသမ ၀၈၅ သန်း တန်ဖိုးရှိ ဖရဲသီး ၃၁၉၁၀ တန်ခွဲ၊ ကန်ဒေါ်လာ သုည ဒသမ ၅၅၂ သန်းတန်ဖိုးရှိ သခွားမွှေး ၂၇၀၆ တန်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းမှ ကန်ဒေါ်လာ သုည  ဒသမ ၀၀၇ သန်း တန်ဖိုးရှိ ဖရဲသီး ၅၄ တန်တို့ကိုတင်ပို့နိုင် ခဲ့ပါတယ်။ မူဆယ် နယ်စပ်စခန်းမှ ဖရဲ၊ သခွားအပြင် ကန် ဒေါ်လာ ၇၅၀ တန်ဖိုးရှိတဲ့ အုန်းသီး ၅ တန်ကိုလည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ သစ်သီးဝလံတင်ပို့မှုများ ရှိသလို ကန်ဒေါ်လာ ၂ ဒသမ ၆၃၉ သန်း တန်ဖိုးရှိ ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီးနဲ့ ပန်းသစ် တော်သီး ၆၃

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက နိုဝင်ဘာလ ၁ ရက်မှ  ၂၁ ရက်အတွင်း  ကန်ဒေါ်လာ  သုည ဒသမ ၀၀၉ သန်းတန်ဖိုးရှိ ပင်လယ်ငါးရှဉ့် ၅ တန်နီးပါးတင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက် တိုဘာလ ၂၁ ရက်အတွင်းမှာတော့ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၆၆ သန်း တန်ချိန် ၈၉ တန်နီးပါး တင်ပို့နိုင်ခဲ့တဲ့အပြင်  ငါးမျိုးစုံ၊  ကဏန်း၊ ပုစွန်၊ ကင်းမွန်နဲ့ ရေဘဝဲကိုလည်းတင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

   မန္တလေး-မူဆယ်ကုန်သွယ်မှုလမ်းကြောင်းတွင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးနှင့်စားသုံးသူအကာအကွယ်ပေးရေး တာဝန်ယူထမ်းဆောင်လျက်ရှိသော နောင်ချို ယာယီ အခြေပြု လရ-၁ အဖွဲ့သို့ နိုဝင်ဘာလ ၂၅ ရက်နေ့မွန်းလွဲ ၁၄း၃၀ ချိန်ခန့်က ဝင်ရောက်စစ်ဆေးခံတဲ့ မူဆယ်မှဆင်းလာသော Light Truck  ယာဉ်ပေါ်မှ ကျပ် ၂၁ သိန်းကျော် တန်ဖိုးရှိ မုန်ညှင်းချဉ် (၁ x၂၀၀ ဂရမ် x ၅၀ ထုတ်) ၁၄၃ ဖာ၊ ကျပ် ၃ ဒသမ ၈၀၀သိန်းတန်ဖိုးရှိ မာလာခေါက်ဆွဲခြောက် ၃၈ ဖာနဲ့ ကျပ် ၁ ဒသမ ၇၁၆ သိန်းတန်ဖိုးရှိ တရုတ် ကြက်သွန်ဖြူ (၁ x ၂၀ ကီလိုဂရမ်) ၂၂ အိတ်ကို စစ်ဆေးတွေ့ရှိခဲ့ရာမှာ FDA ၏ ထောက်ခံချက်၊ သွင်းကုန်လိုင်စင်၊ အကောက်ခွန်ဆောင်ပြီး စာရွက်စာတမ်းတစ်စုံ

admin_ygn

   နိုဝင်ဘာလ ၁၅ ရက်မှ ၂၂ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၆၅၄၄ တန်ဖိုးရှိ လက်ဖက်ခြောက် ၁၆ တန်ကို မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်မှတစ်ဆင့် တရုတ်ပြည်ကို လည်းကောင်း၊ ကန်ဒေါ်လာ ၂၀၂၄၄ တန်ဖိုးရှိ လက်ဖက် ခြောက် ၆၁ တန်ကို မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်မှတစ်ဆင့်ထိုင်းနိုင်ငံကိုလည်းကောင်းအသီးသီးတင်ပို့နိုင်ခဲ့ပါ တယ်။

   မြန်မာနိုင်ငံတွင်လက်ဖက်ကို ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီး တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေကိုတင်ပို့ရောင်းချကြတယ်လို့သိရပါတယ်။

မော်မော်အောင် MIRT (DCCA)

admin_ygn

   မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းက ဧပြီလမှ နိုဝင်ဘာလ ၂၁ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်းတန်ဖိုးရှိ ရေဘဝဲ ၃၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခု နိုဝင်ဘာလ ၂၁ ရက် အတွင်းမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ချိန် ၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် အတွင်း မှာတော့ရေဘဝဲအပြင်အများဆုံးတင်ပို့နိုင်သော ရေထွက်ကုန်များမှာငါးမျိုးစုံ၊ကင်းမွန်၊ကဏန်း၊ပုစွန်နဲ့ပင်လယ်ငါးရှဉ့်တို့ဖြစ်ပါတယ်။                            &nbs

admin_ygn

   ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်း တရားမဝင်ကုန်သွယ်မှု တား ဆီးထိန်းချုပ်ရေးအဖွဲ့မှ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်၊ ၂၅ ရက် နေ့နဲ့ နိုဝင်ဘာလ ၄ ရက်များနေ့က  ကာစွယ်ကျေးရွာအနီးလမ်းဘေးမှသိမ်းဆည်းရမိသော FDA ထောက်ခံချက်မပါသော တစ်ဖက်နိုင်ငံလုပ် ခေါက်ဆွဲခြောက်များ၊ နောင်ကန်ကျေးရွာအနီးလမ်းဘေးမှဖမ်းဆီးရမိ ခဲ့သော စားသောက်ကုန်ပစ္စည်းများ၊ စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ်သိန်း ၁၂၅ ဒသမ ၃၈၀ အား နိုဝင်ဘာလ ၂၆ ရက်နေ့  ၁၆ း ၀၀ ချိန်မှာ Mobile Team အဖွဲ့စုံ ရှေ့မှောက်မှာ မီးရှို့ ဖျက်ဆီးပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။