ပြည်ပပို့ကုန် ပုသိမ်ထီးဈေးကွက်

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်သော  ပုသိမ်ထီးဈေးကွက်မှာ ပြည်တွင်း/ပြည်ပဈေးကွက်ရှိပြီး    ပြည်တွင်းဈေးကွက်မှာ ငွေဆောင်၊ ချောင်းသာ၊ ငပလီကမ်းခြေသုံး ထီးများ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်မြို့များရှိ ဟိုတယ် များတွင်လည်း အလှဆင်ထီးများအသုံးပြုလျက်ရှိကြောင်းသိရသည။ပုသိမ်ထီးပြုလုပ်ရာတွင်သစ်၊ ထီးရိုးဝါး၊ သရ ကူဝါး၊တယ်သီး၊ဖဲဖျင်၊ပိတ်စပြည်တွင်းဒေသထွက်ကုန် များကို အသုံးပြု၍ ပြုလုပ်ထားပြီး ပြည်ပနိုင်ငံမှဝယ်ယူသည့်ကုန်ကြမ်းပစ္စည်းများ မပါဝင်ဘဲမြန်မာအနုပညာကို ဖော် ထုတ်ထားသည့် ဆေးဆိုးခြင်း၊ပန်းချီရေးဆွဲခြင်းစသည်တို့ဖြင့်အလှဆင်ထားပြီး ထီးတစ် ချောင်းလုံးကိုလက်ဖြင့်သာ ပြုလုပ်ထားသောကြောင့် ပြည်ပနိုင်ငံသားများHand Made လက်မှုအနုပညာ တစ်ခုအနေဖြင့် လူကြိုက်များကြောင်းပုသိမ်ထီး ပြုလုပ်ရာတွင် ရဟန်းဆောင်းထီး ၊ သီလရှင်ဆောင်း ထီး၊ အလှဆောင်းထီး၊မိုးရေခံထီး၊အိမ်တော်ရာထီး၊စားပွဲတင်ထီး၊မီးအိမ်ထွန်းထီး၊ဟိုတယ်အလှဆင်ထီး၊ကမ်းခြေသုံးထီးအမျိုးမျိုးပြုလုပ်ရောင်းချလျက်ရှိပြီးယခုလက်ရှိအချိန်ရှင်ပြု၊နားသများတွင်အသုံးပြုရန်၁၄လက်မအလှဆောင်းဖဲထီးများကိုမန္တလေး၊နေပြည်တော်၊ရန်ကုန်၊ပုဂံ၊ညောင်ဦးမြို့များမှမှာယူလျက်ရှိကြောင်း ပုသိမ် မြို့ ရွှေစာထီးလုပ်ငန်းမှသိရသည်။

ဧရာမြေ(ပသ)