ဗီယက်နမ်ငါးမွေးမြူ ရေးလုပ်ငန်းက အပြည်ပြည်ဆိုင်ရာ စံနှုန်းများကိုအလေးထားလာ

             ဗီယက်နမ်နိုင်ငံမှာ ငါးမွေးမြူရေးလုပ်ငန်း တိုးတက်ကောင်းမွန်ရေးအတွက်  ရည်ရွယ်ပြီး ဗီယက်နမ်နိုင်ငံ  ငါးလုပ်ငန်းဦးစီးဌာနနဲ့ ငါးမွေးမြူ ရေးလုပ်ငန်းကြီးကြပ်ရေး ကောင်စီ   (Aquaculture Stewardship Council)    တို့   ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း VNS သတင်းမှာ  ဖော်ပြပါ တယ်။ အဲဒီလို  ပူးပေါင်းဆောင်ရွက်ရေးအတွက်  ဟနွိုင်းမြို့မှာ  ကျင်းပလျက်ရှိတ Responsible Business Forum  ပထမနေ့ဖြစ်တဲ့  ဇွန်လ ၂၂ ရက်နေ့မှာ အဲဒီဌာနနှစ်ခုတို့ နားလည်မှုစာချွန်လွှာ ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။နားလည်မှုစာချွန်လွှာအရ  နှစ်ဖက်အဖွဲ့ အစည်းတွေက ငါးမွေးမြူရေးလုပ်ငန်း  အလေ့ အကျင့်တွေကို  တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပြီးဗီယက်နမ်မ်နိုင်ငံ ၏   လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Viet Gap)စံနှုန်း ကနေ ASC  အသိအမှတ်ပြုလက်မှတ် ထုတ်ပေး နိုင်တဲ့အထိ   တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ငါးမွေးမြူရေး လုပ်ငန်းက ဗီယက်နမ် ငါး လုပ်ငန်းရဲ့   အဓိကကျတဲ့  အစိတ်အပိုင်းလေးခု   အနက် တစ်ခုအပါအဝင်ဖြစ်ပြီး စုစုပေါင်းထုတ် လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းထိပါဝင်ပါတယ်။
         ၂၀၂၀ ပြည့်နှစ်မှာ ဗီယက်နမ်ငါးမွေးမြူရေး လုပ်ငန်းဟာ ၇၀ ရာခိုင်နှုန်းအထိ   မြင့်တက်လာ လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း  ငါးလုပ်ငန်းဦးစီး ဌာန အကြီးအကဲ  ဖမ်းအန်းတူအန်က ပြောပါ တယ်။ငါးမွေးမြူရေး လုပ်ငန်း  ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအတွက်  လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာနက လယ်ယာစိုက်ပျိုးရေး  အလေ့အကျင့် ကောင်းများ Viet Gap   ကိုစတင်ချမှတ် ကျင့်သုံး ခဲ့ပြီး ယခုနောက်ဆုံး ဆောင်ရွက် တဲ့အစီအစဉ်အရ တိုးတက်မှုတွေရရှိအောင်  ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။
         ယခုကျင်းပတဲ့  ဆွေးနွေးပွဲမှာ  ASC  စံနှုန်းတွေနဲ့ ASC စံနှုန်းတွေရဲ့ ကွဲပြားမှုတွေကို ညှိနှိုင်းဆွေးနွေးပြီး Viet Gap  လက်မှတ်ရ လယ် သမားတွေကို  ဗှဃ  အသိအမှတ်ပြုလက်မှတ်ရ လယ်သမားတွေဖြစ်လာအောင်  လမ်းပြဆောင် ရွက်သွားမှာဖြစ်ပါတယ်။
UNT