ယခုသီတင်းပတ်တွင် မြန်မာ-တရုတ် နယ်စပ်မှ ဆန်ပိုမိုတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်စခန်းမှ ဇွန်လ ၁၃ ရက်မှ  ၁၉ ရက်ထိ ရက်သတ္တပတ်အတွင်း  ဆန်တန်ချိန် ၂၃၀၄၃ တန် တင်ပို့နိုင်ခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ  ၈ ဒသမ ၄၄၄ သန်းဖိုးဖြစ်ပြီး၊ ယခင်တစ်ပတ်တင်ပို့မှုထက် ၄၃၈ တန်  ပိုခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှု တွေကတော့ မူဆယ်(၁၀၅)မိုင်မှ ငစိန်ဆန် ၁၄၇၁၄ တန် ၊ ဧည့်မထ ၆၁၉၈ တန်ကျော်နဲ့  လွယ်ဂျယ်မှ ၂၁၃၀ တန်ကျော်ဖြစ်ပါ တယ်။တရုတ်နိုင်ငံကို နယ်စပ်စခန်းများမှ ဆန်တင်ပို့မှုမှာ တစ်ရက်လျှင် တန်ချိန် ၃၀၀၀ ကျော်လောက်ပုံမှန်တင်ပို့မှုရှိနေကြောင်း သိရပါတယ်။
     ယခုတစ်ပတ် မှာ ဆန်တင်ပို့မှုပိုပေမယ့် ဆန်ကွဲတင်ပို့မှုလျော့ကျခဲ့ပါတယ်။မူဆယ်မှ ကန်ဒေါ်လာ  ၃ ဒသမ ၃၈၆ သန်းဖိုးရှိ ဆန်ကွဲ ၁၀၄၁၇ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် တန်၆၇၀ ခန့်လျော့နည်းခဲ့ပါ တယ်။လွယ်ဂျယ်စခန်း မှာတော့ ယခင်တစ်ပတ်အတိုင်း ဆန်ကွဲ တန် ၁၀၀၀ တင်ပို့ခဲ့ပါတယ်။  ကောက်ညှင်းဆန် ၅၈၉ တန်ကိုတော့ မူဆယ် (၁၀၅)မိုင်မှတင်ပို့နိုင်ခဲ့ပါတယ်။
ယဉ်ယဉ်အေး