ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက...

        စည်းကမ်းတွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေ သူ့ကဏ္ဍနဲ့သူ ထုတ်ပြန်ထားတယ်။ အမှန်တကယ် စောင့်ထိန်းလိုက်နာရမှာက ပြည်သူတွေ၊ ကြပ်မတ်ပေးရမှာက သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ သတ်မှတ်ထားတဲ့ ဌာနဆိုင်ရာများ က ထိန်းကျောင်းတည့်မတ်နှိုး ဆော်ပေးကြရတယ်။ ဒါပေမယ့်  တကယ်တမ်းကျတော့ သန်း ၅၀  ကျော်သော ဘဲအုပ်ကြီးနဲ့ မဗေဒါတို့ အသွင်အတိုင်းပါပဲ။ နှစ်ပေါင်းများစွာက အရိုးစွဲလာခဲ့တဲ့ အခါအားလျော်စွာ စည်းကမ်း လိုက် နာခဲ့ကြတဲ့ မီးစင်ကြည့်က လာခဲ့ကြတဲ့ ကျွန်တော်တို့ဟာ စည်းကမ်းကျနသော  ဒီမိုကရေစီနဲ့ ဘယ်လိုအံဝင်ကြပါမလဲ။ ဒီမို ကရေစီကြီးသာ သက်ရှိအရာဖြစ်ရင်  ခေါင်းကုတ်စဉ်းစားနေလောက် ပြီ၊ အဖမ်းအဆီးရှိရင်တစ်မျိုး၊ မျက် ကွယ်မှာတစ်မျိုး၊ လူကြီးတွေလာ စစ်ခါနီးရင်ထုံးသုတ်အမှိုက်ရှင်း၊ ပြန်သွားရင် ဒုံရင်းပြီးဒုံရင်း။ အများပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ဌာနဆိုင်ရာများဟာ လူပြောသူပြောအခံရဆုံးပဲ။  အငြိမ့်သဘင်နဲ့ သံချပ်တွေထဲမှာ Top Ten စာရင်းဝင်တွေပဲ။ ဒါပေမယ့် တစ်ဖက်က ပြန်ကြည့်လိုက်ရင် သန်း ၅၀ သော ဘဲအုပ်ကြီးက လိုက်နာကြပါရဲ့လား။ ရာဇဝတ်မှု ထူပြောလာတယ်။ လူသတ်မှုတွေစိပ်နေတယ်။ မြို့လယ်ကောင်မှာတောင်လုံခြုံမှု မရှိတော့ဘူး၊ ပြည် သူတွေ ကာယကံရှင်တွေကတော့ ကိုယ့်လုံခြုံမှု ကိုယ်ကာကွယ်မှုပြုကြပါရဲ့လား။ ဘဏ်ကသိန်း ၅၀ဝ ကို ကြွပ်ကြွပ်အိတ်နဲ့ထည့် ဆိုင်ကယ်ရှေ့ခြင်း ပေါ်တင်သွားလို့ အလုခံရတာ လုံခြုံရေးဌာနအပြစ်လား။ မိုးတွင်း ရန်ကုန် မှာမို့  မိုးရွာပြီဆိုရင် ဒူးလောက်၊ ပေါင်လောက်၊ ရေမြောင်းတွေပိတ်ပြီပေါ့။ ပြည်သူလူထု သွားရေး၊  လာရေး၊ ကျန်းမာ ရေးအခက်အခဲတွေ့တယ်ပေါ့။ အဲဒီသက်ဆိုင်ရာဌာန  ဘာလုပ်လုပ် နေလဲပေါ့။ အော်ကြပြီ၊ ရေးကြပြီ၊ ဆွဲကြ ပြီ၊ ကျွန်တော်ကပြန်မေးရရင် အဲဒီရေမြောင်းတွေထဲကို နေ့စဉ်နဲ့အမျှ  ဘယ်တော့မှ မဆွေးတဲ့ ပလပ်စတစ်အမှိုက်တွေစည်းမဲ့ကမ်းမဲ့ ပစ်ချထားတာ ဘယ်သူတွေလဲ။ သန်း ၅၀ ကျော်သော ဘဲအုပ်တွေပဲမဟုတ်လား။ ရန်ကုန်မှာ ကားေ တွကြပ်တယ်ဆိုတာ မှန်ပါတယ်။  သူ့လမ်းရဲ့ အသုံးဝင်မှု အရေးပါမှုအရ ကျပ်တာ  မှန်ပါတယ်။ မော်တော်ယာဉ်တွေကို စည်းကမ်းနဲ့အညီ ထိန်းသိမ်းနေရတဲ့ ဝန်ထမ်းနဲ့ဌာန ဆိင်ရာတွေကလည်း နည်းလမ်းပေါင်းစုံရှာကြံ လုပ်ေ ပးနေကြပါတယ်။ လမ်းဘေး မှာ စည်းကမ်းမဲ့ ကြာရှည်ကားရပ်ထားတာ၊ လမ်းပြောင်းပြန်ဖြတ် မောင်းတာ၊  လစ်ရင်လစ်သလို တစ်စီးလောက်ဆိုပြီး ဖြတ်သုတ်နေကြတာ သန်း ၅၀ ထဲက ဘဲအုပ်များမဟုတ်ပါလား။
            ယာဉ်မောင်းတွေ၊  အရက်မူးမမောင်းရ၊ အိပ်ငိုက်မမောင်းရ၊ ခါးပတ်ပတ်ထားရမည်၊ ဆိုင်ကယ်စီးရင် ဒူးကာများနှင့်ဆိုင်ကယ်စီးဦးထုပ်ဆောင်းရမည်ဆိုတဲ့ စည်းကမ်းချက်တွေ ဌာနဆိုင်ရာတွေက နားငြီးလောက်အောင် ထုတ်ပြန်ထားပြီးသား၊ အမြန်လမ်းမှာတိုက်ပြန်ပြီ၊ မှောက်ပြန်ပြီ၊ သေကြပြန်ပြီ၊ အပြစ်ပြောကြပြန်ပြီ။ လမ်းဖောက်တဲ့သူတွေ စနစ်မကျလို့တဲ့ ဒီလောက်အပြစ်များတဲ့ လမ်းအရည်အချင်းမပြည့်မီတဲ့လမ်း မသွားတော့ဘူးကွာ၊ မမော င်းတော့ဘူးကွာလို့ တစ်ဦးတစ်ယောက်ထံမှ မကြားခဲ့ရဘူး။ အဲဒီနောက်ပိုင်းမှာ  ခပ်စိတ်စိတ်ကြားလာရတာက စားသုံးသူများ အခွင့်အရေး အကာအကွယ်ပေးရေး၊ သက်ဆိုင်ရာဌာနများနဲ့ လူမှုအဖွဲ့အစည်းများက ရေးကြ၊ သား ကြ၊ ပြောပြ ဟောနေကြတာ တွေ့ရပါတယ်။ စားသုံးရန်မသင့်တဲ့ ပစ္စည်းတွေကလည်း ဈေးကွက်ထဲမှာ ပန်းပန်လျက်ပါပဲ။ စစ်တိုင်းတွေ့၊ တွေ့တိုင်းထုတ်ပြန် နေကြ ပါတယ်။ ပြည်တွင်းထုတ်ကုန်တွေကလည်းတွေ့တာပဲ။  ပြည်ပ သွင်းကုန်တွေထဲကလည်း တွေ့နေလို့ မြေမြုပ်၊ မီးရှို့ဖျက်ဆီးနေကြတာလည်း ကြားနေရတယ်။ ဒါပေမယ့် ဘဲအုပ်ကြီးကို မဗေဒါက လက်မြှောက် အရှုံးပေးနေရပါတယ်။ အယက်အကန်ခံပြီးရင်းခံနေရပါတယ်။ ပစ္စည်း အတုအပြ ပုလုပ်ခြင်း၊  အစားအသောက်နဲ့ မအပ်စပ်တဲ့ ထိုးဆေး၊ မှည့်ဆေးဆိုးဆေးများ၊  အသုံးပြုခြင်း၊ ပိုးသတ်ဆေးနှင့် ဓါတုဓါတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်း၊ လူတွင်အကျိုးမဖြစ် တဲ့ အမှိုက်စာများကို မျက်စေ့ပဿဒလှအောင် ထုပ် ပိုးမှုပုံစံလှလှများနဲ့ ထုတ်လုပ်ရောင်းချခြင်းစတဲ့ စားသုံးသူတွေအတွက် စစ်မျက်နှာတွေကများလှပါတယ်။ ဟောတဲ့၊  ပြောတဲ့၊ ရေးတဲ့ပုဂ္ဂိုလ်များလည်းများ လှပါတယ်။ ဒါပေမယ့် နားထောင်ဖတ်ရှုပြီး လိုက်နာဆောင်ရွက်သူ၊ ဆောင် သင့်ရင်ဆောင်၊ ရှောင်သင့်ရင်ရှောင်သူနည်းလှပါတယ်။ စည်ပင်သာယာဈေးတွေမှာ လက်ကားဆိုင်တွေမှာ ဒီပစ္စည်း တွေ သယ်ယူရောင်းချနေကြတာ တွေ့ရမှာပါ။  လက်လီအနေနဲ့ တွင်တွင်အားပေးနေကြတာ ကျွန်တော်တို့ ခင် ဗျားတို့ သန်း၅၀ သော ဘဲအုပ်ကြီးရဲ့ သားသမီးများရှိတဲ့ ကျောင်းဈေးတွေမှာပါ။ သက်ဆိုင်ရာဌာနတွေကလည်း  သွားစစ်ပါတယ်။ ဒီလိုဟာတွေမရောင်းနဲ့ ၊ မတင်နဲ့၊ မဝယ်နဲ့၊ ဟုတ်ကဲ့ပါပဲ၊ မဟုတ်ကဲ့တဲ့လူတစ်ယောက်မှ မရှိပါဘူး၊ ခံဝန်ချက်၊ ခံဝန်ကတိ ထိုးခိုင်းရင်လည်း ပျော်ပျော်ပါးပါးနဲ့ ထိုး လိုက်ကြတာပါပဲ။ ပြီးတော့ အရင်အတိုင်းနေမြဲပါပဲ။ ကျောင်းတွေမှာ ဦးစီးအုပ်ချုပ်တဲ့ အဖွဲ့ရှိပါတယ်။ မိဘဆရာ ပူးပေါင်း ကလေးပညာကောင်း  ဆိုတဲ့စကားကို ချဲ့ထွ င်ရပါမယ်။ ပညာတွင်မက ခံယူစဉ်းစားတွေးခေါ်ပုံနည်းနဲ့ ကျန်းမာရေးအသိတွေပါ ကောင်းရမှာဖြစ်ပါတယ်။  ငယ်ငယ်က ကျန်းမာရေးထိခိုက်စေတဲ့ ကျောင်းဈေးကအစာတွေမစားမှ နောင်တစ်ချိန်မှာ ကျန်းမာတဲ့ နိုင်ငံခေါင်းဆော င်တွေဖြစ်ပြီး တိုင်းပြည်ကို ဦးဆောင်နိုင်မှာပါ။
         ဘေးအန္တရာယ်ရှိတဲ့အစားအသောက်များနဲ့  ပတ်သက်ပြီး လာ ရောက်ဟောပြောရတဲ့ ဌာနဆိုင်ရာများဟာ ကျောင်းအသီးသီး၊ ဈေး အသီးသီး၊ ဆိုင်အသီးသီးကို  လှည့်ပတ်ဟောပြောနေရလို့ အမြဲ စောင့်မကြည့်နိုင်ကြပါ။ အမြဲတစေနီးကပ်ထိတွေ့နိုင်တဲ့သူများကတော့ မိဘဆရာကျောင်းအကျိုးတော်ဆောင်အဖွဲ့များဖြစ်ကြပါတယ်။ အထူးသဖြင့် ဆရာ၊ ဆရာမများဖြစ်ကြပါတယ်။ နေ့စဉ်သန့်ရှင်းရေးအတွက် ဆရာ၊  ဆရာမတွေ တာဝန်ခွဲတဲ့အခါ အမှို က်ကောက်၊ တံမြက်စည်းလှဲတဲ့ ကြီးကြပ်တာဝန်အပြင် အစားအစာသန့်ရှင်းရေးအတွက် ကျောင်းဈေးဆိုင်တွေပါ ကြီးကြပ်ဖို့ တာဝန်ပေးသင့်ပါတယ်။  ကျောင်းဝင်းထဲမှာ ဩဇာအသက်ရောက်ဆုံးက ဒီဆရာ၊ ဆရာမတွေပါပဲ။ ေ ကျာင်းသူကျောင်းသားတွေ ဝယ်မစားဖြစ်အောင်၊ ရောင်းတဲ့သူတွေကိုလည်း  ကလေးတွေ နောင်ရေး  ကျန်းမာရေးအတွက်ဝယ်ပြီး  မရောင်းဖြစ်အောင်၊ အနီးကပ် တားမြစ်ကြပ်မတ်ကြရမှာဖြစ်ပါတယ်။ ဘဲအုပ်များကိစ္စ၊ ဘဲအုပ် များကပဲ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ကြရမှာဖြစ်ပါ တယ်။ ပြီးမှဒီမစားသုံးသင့်တဲ့  ပစ္စည်းတွေ ဘယ်ကရသလဲဆိုတာ ကျောင်းပြင်ပကို  လေ့လာရမှာဖြစ်ပါတယ်။ စားသောက်ကုန်စတိုး ဆိုင်၊ လက်ကား ဆို င်ကြီးတွေ ခမ်းခမ်းနားနား တွေ့ရပါလိမ့်မယ်။ သူတို့ကိုလည်း မြို့နယ်အာဏာပိုင်၊ စည်ပင်သာယာ၊ ကျန်းမာရေးစတဲ့ ဌာနတွေနဲ့ ညှပ်ပူးညှပ်ပိတ်  လက်တွေ့အရေးယူ ဆောင်ရွက်ကြရပါ လိမ့်မယ်။ သူတို့ကလည်း လက်ညှိုးညွှန်ြ ပပါလိမ့်မယ်။ ထုတ်လုပ်တဲ့ ပြည် တွင်း စက်ရုံအလုပ်ရုံတွေနဲ့  ပြည်ပဝင်ပေါက်တွေဆီကို ဒါကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက တာဝန်ခွဲဝေ ကြပ်မတ်ကြရမှာ ဖြစ်ပါတယ်။ သစ်ပင်ခုတ်ရင်း အညွန့်ပဲဖြတ်ပေးနေရင်း အချို့အပင် ပိုသန်တတ်ပါတယ်။ ပင်စည်၊  အရင်းအမြစ်ကအစလှန်ရမှာဖြစ်ပါ တယ်။ ဒါကစားသုံးသူ အခွင့်အရေး အကာအကွယ်ပေးရေးကိစ္စကို ဥပမာပြုပြီး ဘဲအုပ်များက ကိုယ့်အလုပ်  ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်သိ၊ စည်း ကမ်းရှိစွာ ကိုယ့်လမ်းကြောင်းကိုပဲ ကိုယ်သွားရင် မဗေဒါ များခမျာလည်း အယက်အကန်ခံရတာ  သက်သာနိုင်ကြောင်း တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

 

မောင်မောင်အေး - လွိုင်ကော်