စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း ကိုရီးယားနိုင်ငံ၊ ကိုရီးယားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအေဂျင်စီ (KOTRA) rS Executive Vice President Mr. Yun Wonsok ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းသည်ဇန်နဝါရီ ၁၉ ရက်တွင် နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုရီးယားနိုင်ငံ၊ကိုရီးယား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ် နှံမှုမြှင့်တင်ရေးအေဂျင်စီမှExecutive Vice President ဖြစ်သူ Mr. Yun Wonsok ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့အားလက်ခံတွေ့ဆုံသည်။အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ့ ကုန်သွယ် မှုမြှင့်တင်ရေး အဖွဲ့ (MYAN- TRADE)ဖွဲ့စည်းတည်ထောင်ရေးအတွက်အကောင်အထည်ဖော်ရာတွင်ဆက်လက်ပူးပေါင်းဆောင်ရွက်သွား ရမည့်ကိစ္စရပ်များ၊ ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးအတွက်သတင်းအချက်အလက်များအပြန်အလှန် ဖလှယ်ခြင်းတို့အပါအဝင် e-commerce ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကိုရီးယားနိုင်ငံတွင် ကျင်းပမည့်ကုန်စည်ပြပွဲ များသို့ မြန်မာနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များသွားရောက်ပြသနိုင်ရေးတို့ နှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်းပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုအပြန် အလှန်ဆွေးနွေးခဲ့ကြသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှအမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။