မြန်မာ့ဆန်ဈေးကွက်တွင် ဆန်ချောဈေးပြန်ငြိမ်သွားသော်လည်း ဆန်ကြမ်းဈေး ဆက်လက်မြင့်တက်

ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  လက် ကားဆန်ဈေးကွက်မှာ စက်တင်ဘာလ ၄ ရက်နေ့  ဈေးနှုန်း များအရ ဖျာပုံပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၈၅၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၇၀၀၀ ကျပ်ဈေးတို့ဖြင့် ဈေးငြိမ်နေသော်လည်း နယ်စုံပေါ် ဆန်းထိပ်စ ၃၈၀၀၀ ကျပ်၊ မြောင်းမြ/ပုသိမ်ပေါ်ဆန်း လတ်စ ၃၉၅၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၄၈၅၀၀ ကျပ်မှ ၅၀၅၀၀ ကျပ်ဖြစ်ခဲ့လို့  ယခင်တစ်ပတ်ထက် တစ်အိတ် လျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အတွင်း ဈေးဆက် ကျလာတာ တွေ့ရပါတယ်။
ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဆန်ချော များ  ပုံမှန်ဝင်ရောက်နေသော်လည်း ယခင်ရေကြီးခဲ့စဉ်က စိုးရိမ်စိတ်ကြောင့် နှစ်လစာလောက်ဝယ်ထားကြလို့ ဆန်ချော   အဝယ်တွေအေးပြီး ဈေးကျရတာဖြစ်ကြောင်း၊ ဆန်ကြမ်း ဖြစ်တဲ့ ဧည့်မထလတ်စတစ်အိတ် ကို ၂၂၀၀၀ ကျပ်၊ ထိပ်စ ၂၄၀၀၀ ကျပ်၊ နွေဆန်ရှယ် ဈေးနှုန်း ၂၂၈၀၀ ကျပ်မှ ၂၄၀၀၀ ကျပ်၊ မိုးသုခ ၂၄၅၀၀ ကျပ်မှ ၂၅၅၀၀ ကျပ်၊ မီး ကောက် ၂၆၀၀၀ ကျပ်မှ ၂၇၀၀၀၊ ဆင်းသွယ်လတ် ၂၆၀၀၀ ကျပ်မှ ၂၈၀၀၀ ကျပ် အသီးသီးဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက်  တစ် အိတ်လျှင် ၁၀၀၀  ကျပ်မှ ၁၈၀၀ ကျပ်အထိ ဈေးဆက်လက် မြင့်တက်သွားတာ တွေ့ရပါ တယ်။စက်တင်ဘာ ၁၅ ရက်နောက်ပိုင်း ပြည်ပသို့ဆန်ပြန် လည်တင်ပို့ခွင့်ပြုမည်ဆိုတဲ့   သတင်းကြောင့် စပါး/ဆန် လက်ဝယ်ရှိသူများက  တက်ဈေးမျှော်ကာဈေးထိန်းလျက်ရှိ သလို ဆန်ကြမ်းအဝင်နည်းချိန်   အဝယ်လိုက်နေလို့ ဈေး ဆက်တက်ရတာဖြစ်ကြောင်း၊ ဝါးတန်းဒိုင်သို့ ဆန်ချောတွေ ပုံမှန်ဝင်နေသော်လည်း ဆန်ကြမ်းအဝင်ပါးနေတယ်လို့ ကုန် စည်ဒိုင်ဈေးကွက်မှ သိရပါတယ်။ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ် တစ်အိတ် (၁၀၈) ပေါင် ကို ၂၀၀၀၀ ကျပ် ခန့် ရှိနေပြီး  ယခင်တစ်ပတ် ထက် တစ်အိတ်လျှင် ၁၀၀၀ ကျပ်ခန့်ဈေးတက်ကာ  အဝယ် လိုက်နေတယ်လို့ ဆန်ဈေးကွက်မှ သိရှိရပြီး ဆန်ကြမ်း ဆန်ကွဲ တစ်အိတ်လျှင် ၈၀၀ ကျပ်ခန့် ဈေး တက်နေကြောင်း သိရှိရပါ တယ်။တရုတ်လိုင်း-မူဆယ်  ဆန်ဈေးကွက်မှာတော့ မူဆယ် ရောက်ပြီးသား ဆန်လက်ကျန်လျော့ပါးသွားပြီး ပြည်တွင်း ဆန်ဈေးများမြင့်တက်လာသော်လည်း  တရုတ်ကုန်သည်များ ကဈေးလိုက်တိုးမပေးဘဲ သြဂုတ်လ ၁၄ ရက်နေ့ပေါက်ဈေး နှုန်းအတိုင်းသာ  ဝယ်ယူနေကြပါတယ်။ ဒါကြောင့် မူဆယ်ဆန်စပါးကုန်စည်ဒိုင်သို့ နှစ်ဖက်ကုန်သည်များ အလာကျဲ သွားကာ ယခင်လိုင်စင်  လက်ကျန်  ဆန်အနည်းငယ်ကိုသာ အရောင်းအဝယ်ရှိတော့ကြောင်း   စက်တင်ဘာ ၄ ရက်နေ့ မူဆယ်ရှိ   ဆန်ဈေးနှုန်းမှာ   ဧည့်မထ ၅ မှတ် တစ်အိတ်ကို ၁၄၂-၁၄၃ ယွမ်၊ ဧည့်မထ ၁၀ မှတ် ၁၃၅-၁၃၈  ယွမ်၊ ဧည့်မထ ၂၅ မှတ် ၁၂၅-၁၃၀ ယွမ်၊ ငစိန် ၅ မှတ် ၁၃၇-၁၃၉ ယွမ်၊ ငစိန် ၁၅ မှတ် ၁၃၂-၁၃၄ ယွမ်၊ ငစိန် ၂၅ မှတ် ၁၂၆-၁၃၀ ယွမ် အသီးသီးရှိနေပြီး စက်တင်ဘာ ၄ ရက်နေ့ မူဆယ်ရှိ ငွေလဲ နှုန်းမှာ တစ်ယွမ်လျှင် ၁၉၈ ကျပ် ခန့်ရှိတယ်လို့ မူဆယ်ဆန်ဈေး ကွက်မှ ကြားသိရပါတယ်။မြန်မာ့  ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ   ၂၈ ရက်နေ့ထိ တန်ချိန် ၆၇၈၂၀၀ ကျော်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၂၃၅ သန်း ကျော်ရရှိနေပြီး   ယခင် ဘဏ္ဍာနှစ်ကာလတူထက် တန်ချိန် ၁၀၁၁၇၀ ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၂ သန်းကျော် ဖိုးပိုမိုတင်ပို့ထားနိုင်တာ တွေ့ရပါ တယ်။ ရေဘေးကြောင့် ပြည်ပဆန်တင်ပို့ခွင့်ရပ် နား ထားရာမှ စက်တင်ဘာလလယ် တွင် ပြန်လည်တင်ပို့ခွင့်ပြုမည်ဆိုသည့် သတင်းကြောင့်ဆန်ကြမ်းများဈေးတက်ခဲ့သလို တက်ရိပ်ပြလျက်ရှိနေပါ တယ်။
မြန်မာနိုင်ငံတွင်လတ်တလော  ကြုံတွေ့နေရသည့် ရေဘေးကြောင့်ဆန်ပြည်ပတင်ပို့ခွင့်ကို ရပ်ဆိုင်ထားခဲ့သော်လည်း ပြည်တွင်းစားသုံးသူများမှာ ဆန်ဈေးနှုန်းကြီးမြင့်မှု ဒဏ် ကို ခံစားနေ ရကြောင်း၊ ပြည်ပတင်ပို့ခွင့်ကို  မပိတ်ဘဲ ဆက်လက်တင်ပို့ခွင့်ပြုပါက မြန်မာ့ဆန်ကို အဓိကဝယ်ယူ နေသည့် ဖောက်သည်ဖြစ်သည့် တရုတ်ဆန်ကုန်သည်များက ၎င်းတို့ ဝယ်နေ ကျပုံစံ အတိုင်းသာဝယ်ယူမည်ဖြစ်ပါ ကြောင်း၊ ယခုအခါတွင် ဆန်ပြန်လည်တင်ပို့ခွင့်ပြုမည်ဆိုသော်လည်း တရုတ်ဆန်ကုန်သည်များအနေဖြင့် မြန်မာ့ဆန်အားဈေးပို ပေး၍ဝယ်ယူမည်မ ဟုတ်ေ ကြာင်း ၊ အကယ်၍ မြန်မာ့ဆန်ဈေး ကိုမြှင့်တင်၍ရောင်းချမည်ဆိုပါကလည်း မြန်မာ့ဆန်ထက် အရည်အသွေးပိုကောင်းပြီး ဈေးနှုန်းနှင့်  သယ်ယူခသက်သာ မည့် ဗီယက်နမ်ဆန် ဘက် လှည့် ဝယ်သွားမည်ဖြစ်သောကြောင့် ပြည်တွင်းဆန်ဈေးများ ယခုလောက်တက်မသွား နိုင်ကြောင်း မူဆယ်ဆန်ဈေးကွက်အတွင်းရှိ ကုန်သည်အချို့ က သုံးသပ် ပြောကြားခဲ့ကြောင်း သိရပါတယ်။
 သန်းအေး-ဆန်စပါး