မြစ်ရေများ မြင့်တက်လာမှုကြောင့် ပြည်ကုလားပဲ လက်လီသာ အရောင်းအဝယ်ဖြစ်

     ပြည်ပဲဈေးကွက်မှာ   ယခုသြဂုတ်လဆန်းပိုင်းတွင်သာ ပဲများ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ကြပြီး  ယခုနောက်ရက်များမှာ မြစ်ရေများ မြင့်တက်လာတဲ့အတွက်  ပဲဝင်ရောက်နိုင်တဲ့ မြို့နယ်များတွင်လည်း ရေကြီးမှုများ ရှိနေတာေ ကြာင့် ဈေးကွက်သို့ ပဲအဝင်မရှိတော့ဘဲ ပွဲရုံ အချို့ပိတ်ထားသလို အချို့ပွဲရုံများမှာလည်း လက်လီသမားသာ အဝယ်ရှိခဲ့တဲ့အတွက် ဒေသတွင်းအရောင်းအဝယ်ဖြစ်တဲ့ ကုလားပဲသီးနှံမှာ အိတ်အနည်းငယ်သာ အရောင်းအဝယ် ဖြစ် ခဲ့ပါတယ်။  ပဲဈေး မှာတော့ တစ်တင်း ၂၈၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ကြောင်း သိရပါ တယ်။

 

ခင်ဆွေဝင်း-ပြည်