တရုတ်လိုင်းမဆွဲရင် ဆန်ကြမ်းဈေး ယခုအတိုင်းဆက်သွားနိုင်ပြီး ပြည်တွင်းအဓိကဈေးကွက်သာရှိတဲ့ ဆန်ချောမှာလည်း အဝယ်ပါးနေလို့ ဈေးဆက်အေးနိုင်

     ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးကွက်မှာ ဖျာပုံပေါ်ဆန်း  လတ်စ တစ်အိတ်ကို  ၃၆၀၀၀ ကျပ်၊ ထိပ်စ ၃၈၀၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း လတ်စ တစ်အိတ်ကို ၃၉၀၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်၊ နယ်စုံ ပေါ်ဆန်းလတ်စ  ၃၅၀၀၀ ကျပ်၊ ထိပ်စ ၃၆၅၀၀ ကျပ် ဖြစ်ခဲ့ကြလို့  ယခင်တစ်ပတ်အတိုင်း ဆန်ချောဈေးတွေ ဆက်ငြိမ်နေကြော င်း၊ ရွှေဘိုပေါ်ဆန်းဈေးနှုန်း ၄၄၅၀၀ ကျပ်မှ ၄၆၀၀၀ ကျပ်ဖြစ်ခဲ့လို့  ယခင်တစ်ပတ်ထက် ၅၀၀ ကျပ်ခန့် ဈေးအနည်းငယ်ဆက်တက်လာတာ တွေ့ရပါတယ်။ ဆန်ချောအရောင်း အဝယ်ေ တွ  အေးနေလို့ ဈေးဆက် ငြိမ်နေပေမယ့် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းနယ်ဘက် ရေကြီးမှုကို အကြောင်းပြု၍   နယ်သမားက ဈေးဆွဲတင်လာလို့ ရွှေဘိုပေါ်ဆန်းဈေး  အနည်းငယ် ဆက်တက်ရတာဖြစ် ကြောင်း၊ ဧည့်မထ လတ်စတစ်အိတ် ၁၉၅၀၀ ကျပ်၊ ထိပ်စ ၂၀၈၀၀ ကျပ်ဖြင့် ဈေးဆက်ငြိမ်နေသော်လည်း မီးကောက်ဆန်  တစ်အိတ် ၂၀၅၀၀ ကျပ်မှ ၂၁၅၀၀ ကျပ် ၊ နွေဆန်ရှယ် ၁၈၈၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်ဖြစ်ခဲ့ကြလို့  ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း ဈေးအနည်းငယ်တက်ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်သို့ ဆန် အဝင်ပါးချိန် မြို့တွင်း လက်လီဆိုင် သမားအဝယ်ရှိခဲ့လို့ ဆန်ကြမ်းရှယ်စအချို့   ဈေးအနည်းငယ် ပြန်တက်ရတာဖြစ်တယ်လို့ သိရှိရပြီး ဝါးတန်းဒိုင်သို့ ဆန်အဝင် အနည်းငယ်လျော့သလို   အရောင်းအဝယ်မှာလည်း အနည်းငယ်ပါးနေတယ်လို့ ကုန်စည်ဒိုင် ဈေးကွက်မှ သိရှိရပါတယ်။
     ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ် (ပြည်ပ) ဆန်တစ်အိတ် ၅၀ ကီလိုကို ၁၆၅၀၀ ကျပ်-၁၆၉၀၀ ကျပ်ခန့် ဈေးနှုန်းဖြစ်ပေါ်နေပြီး တစ်အိတ်ကို ၃၀၀ ကျပ်ခန့် ဈေးအနည်းငယ် တက်ခဲ့သော်လည်း   ပစ္စည်းပေးသွင်းရန် အဝယ်အချို့ရှိခဲ့ကြောင်း၊ ရန်ကုန် FOB သင်္ဘောတင်ငြိမ်နေသော်လည်း ဆန်နှင့်ဆန်ကွဲ  အနည်းငယ်စီ တင်ပို့မှုတော့ရှိနေ ကြောင်း၊ EMATA 25 %  FOB (Yangon)  ဈေး ၃၁၀-၃၁၅ USD မှ ၃၃၀-၃၄၀ USD / MT ခန့်ဈေးရှိသော်လည်း အရောင်းအဝယ်အတော်ပါးနေကြောင်း၊ တရုတ်လိုင်း -မူဆယ်မှာ နွေ ရှယ်ဆန်ကို တစ်အိတ် လျှင် ၁၂၃ ယွမ်ဖြင့် ဈေးချရောင်းနေရပြီး ဆန်ကွဲအနည်းငယ်  မူဆယ်သို့သွားနေတယ်လို့ ဆန်ဈေးကွက်မှ ကြားသိရပါတယ်။ တရုတ်လိုင်း- မူဆယ် ဆန်ဈေးကွက်မှာ ဇူလိုင် ၃၀ ရက် နေ ့ဈေးနှုန်း များအရ  ဧည့်မထ ၅ မှတ် နွေရှယ် တစ်အိတ်ကို ၁၂၂-၁၂၅ ယွမ်၊ မှော်ဘီ ၁၃၀-၁၃၄ ယွမ်၊ ဧည့်မထ ၂၅ မှတ် သုခပျက် တစ်အိတ်ကို ၁၁၂ ယွမ်၊ ငစိန် ၁၅ မှတ် ၁၂၂-၁၂၃ ယွမ်၊ ငစိန် ၂၅ မှတ် ၁၁၇-၁၁၉ ယွမ်၊ B2,3,4  ဆန်ကွဲတစ် အိတ်ကို ၉၂ -၉၃ ယွမ်၊ B1,2  ၉၅-၉၇ ယွမ်၊ B1, EXTRA  ၉၉-၁၀၁ ယွမ်ဖြစ်ခဲ့ကြပြီး  မူဆယ်ရှိ ဇူလိုင် ၃၀ ရက်နေ့ ငွေလဲ နှုန်းမှာ တစ်ယွမ် ၁၉၈ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်တစ်ပတ်ထက် ၁ ဒသမ ၂၀ ကျပ်  ဈေးပြန်ကျခဲ့ကြောင်း၊ ပြည်တွင်းနယ်စုံမှ မူဆယ်သို့ တစ်ပတ်အတွင်း ဆန်အဝင်မှာ တန် ၁၃၀၀၀ ခန့်ရှိပြီး ယခင် တစ်ပတ်ထက် ဆန်အနည်းငယ် ပိုဝင်ခဲ့ကြောင်း၊ မူဆယ်ဆန်စပါး ကုန်စည်ဒိုင်သို့ တရုတ်ကုန်သည် ၂၀ ဦးခန့် သာလာရောက်ပြီး လက်ငင်းနှင့်အကြွေးစနစ် နှစ်မျိုးလုံးဖြင့် ရောင်းဝယ် ကြသော်လည်း ယခင်ထက်ငွေပေးချေမှု ပိုမြန် လာပြီး ယခင်အရောင်းအဝယ်ကောင်းခဲ့စဉ်က ထက်ဝက်ခန့် ပမာဏသာ အရောင်းအဝယ်ဖြစ်တော့ကြောင်း၊  ရန်ကုန်မှ မူဆယ်သို့ ဆန် တင်ဆောင်ကားခ တစ်တန်ကို ၇၅၀၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် ၅၀၀၀ ကျပ်ခန့် ဈေးဆက်တက်လာကြောင်း၊ တရုတ်ဘက်မှာသာ အဖမ်းအဆီးမရှိပါက အရောင်းအဝယ် ဆက်ကောင်းလာနိုင်မယ်လို့ မူဆယ်ဆန်ဈေးကွက်မှ ခန့်မှန်းနေကြကြောင်း ကြားသိရပါတယ်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နဲ့ဆန်ကွဲတင်ပို့မှုမှာ ယခု ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့ထိ တန် ချိန် ၅၉၃၂၀၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၅ သန်း ကျော် တင်ပို့ထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက်တန်ချိန်၁၆၅၁၈၀ ကျော်၊တန်ဖိုးအမေရိကန်ဒေါ်လာ၄၇သန်းကျော်ဖိုးပိုမိုတင်ပို့ထားနိုင်တာ တွေ့ရပါတယ်။ မြန်မာ့ဆန်ဈေးကွက် ရှေ့အလား အလာအနေဖြင့် တရုတ်လိုင်းမဆွဲရင် ဆန်ကြမ်း ဈေး ယခုအတိုင်းဆက်သွားနိုင်ပြီး ပြည်တွင်းအဓိကဈေးကွက် သာရှိတဲ့ ဆန်ချောမှာလည်း အဝယ်ပါးနေလို့   ဈေးဆက်အေး နိုင်တယ်လို့ ဆန်ဈေးကွက်မှ သုံးသပ်လျက်ရှိကြောင်း တင်ပြလိုက်ပါတယ်။

 

သန်းအေး-ဆန်စပါး