ဈေးအေးအရောင်းအေးတဲ့ ရှမ်းနနွင်းဈေးကွက်

နနွင်းကတော့ ပုံမှန်အဝင်နဲ့  ပုံမှန်အရောင်းတော့ရှိနေပါတယ်။ နနွင်းထွက် ချိန်ဖြစ်တဲ့ အစောပိုင်းက နထစသမအ  ရှိတာကြောင့် အရောင်းသွက်ခဲ့ပေမယ့် ဒီတစ် ပတ်မှာတော့ export လည်း   ရပ်သွားသလို အဝင်လည်း အနည်းငယ်နည်းသွား တာကြောင့် ဈေးက လုံးဝငြိမ်သွားခဲ့ပါတယ်။ ဈေးအေးပြီး အရောင်းနည်းနေတာ ကြောင့် တစ်ပတ်ကို ဈေးပတ်သမားတွေနဲ့  အမှုန့်ကြိတ်သမားတွေရဲ့ လက်လီ စိတ်လောက်သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ဈေးပတ်တစ်ဈေးကို ၄၊ ၅ အိတ်လောက်တော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးကတော့ ဆင်တောင်နနွင်း ၁၈၀၀ ကျပ်၊ တောင်ပို့လနနွင်း ၁၂၀၀ ကျပ်-၁၃၀၀ ကျပ်ဈေးရှိနေပါတယ်။
ဟိုပုံးဈေးကွက်မှာလည်း နနွင်းအဝင် နည်းသွားပါတယ်။ နနွင်းက ၃ လပိုင်း လောက် စထွက်တာမို့ အခုချိန်မှာတော့ အဝင်နည်းလာပါတယ်။ နနွင်း တစ်ပိဿာ ၁၅၀၀ ကျပ်-၁၅၅၀ ကျပ်ဈေးရှိပါတယ်။  ဟိုပုံးဈေးကွက်မှာတော့ ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်တွေက ဟင်းခတ်အမွှေးအကြိုင်အတွက်  အနည်းငယ်ဆွဲလို့ အိတ် ၄၀၀ လောက် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။
စောယုထွေး-တောင်ကြီး