ပြည်ဈေးကွက်မှာ အစေ့ပါ မန်ကျည်းမှည့်များ အရောင်းသွက်နေ

   ပည်ပွဲရုံများသို့ဝင်ရောက်လာတဲ့ သီးနှံများအနက် စားဖိုဆောင်သုံးသီးနှံ မန်ကျည်းမှည့်ပုံမှန်အဝင်ရှိပြီး ပြည်ပတင်ပို့မှုရှိတာကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်းတွေ့ ရပါတယ်။

   ပြည်မန်ကျည်းသီးပွဲရုံများမှ မန်ကျည်းမှည့်များကို   ရခိုင်၊ တောင်ကုတ်ဘက်မှ အများဆုံးတင်ပို့ရခြင်းကြောင့် ယခုမေလ ဒုတိယပတ်အတွင်း အစေ့ပါမန်ကျည်းသီးမှည့်အဝယ် လိုက်ခဲ့တာကြောင့် အစေ့လွတ် မန်ကျည်းမှည့်တစ်ပိဿ     ာဈေး ၉၅၀ ကျပ်နဲ့ အစေ့ပါ တစ်ပိဿ     ာ ၆၀၀ ကျပ်ထိ ဈေးတက်လာပါတယ်။

   ယခုတစ်ပတ် ရခိုင်ပြည်နယ်ဘက် သို့ အများဆုံးတင်သွင်းမှုရှိတဲ့ အစေ့ပါမန်ကျည်းမှည့်ကို ပိဿ   ာချိန် ၃၀၀၊ ၄၀၀ ပုံမှန်တင်ပို့နေရကြောင်း ဒေသတွင်း လက်လီအရောင်း အဝယ်သမားတွေကတော့  အစေ့လွတ် တစ်ပိဿ     ာ ၁၂၀၀  ကျပ်ဈေးဖြင့်သာ အရောင်းအဝယ်ပြုကြောင်းသိရပါတယ်။

နီနီဝင်း-ပြည်