ဖျာပုံခရိုင် ဆန်စပါးဈေးကွက် ဦးမော့လာမှုကြောင့် ဆန်တင်ပို့မှုလျော့ကျ

   ဖျာပုံခရိုင်အတွင်းရှိ ဆန်စပါးလက် ကားဈေးကွက်မှာ မေလဒုတိယအပတ်ဈေးများအရ ထိပ်စဆန်အမျိုးအစားအုပ်စုတွင် ပေါ်ဆန်း ဆန်တစ်အိတ်ကို ၃၆၀၀၀ ကျပ်၊ မီးဒုံး ၂၆၀၀၀ ကျပ်၊ နှံ ကား ၁၉၅၀၀ ကျပ်၊ သီးထပ်ရင် (နွေ) ၁၈၅၀၀ ကျပ် အသီးသီးရှိခဲ့လို့ ယခင် တစ်ပတ်ထက် တစ်အိတ်ကို ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အတွင်း ဈေးတက် လာကြောင်းသိရပါတယ်။ ယခုလိုဆန်ဈေးနှုန်းတက်လာရခြင်းဟာ သြင်္ကန်ပိတ်ရက်နောက်ပိုင်းမှစပြီး ရန်ကုန်သို့ဆန်အဝင်နည်းလာတာကြောင့် ဆန်ဝယ်လက်များက ဆန် ရရှိအောင် ဈေးပေးဝယ်ယူမှုများရှိလာခဲ့သဖြင့် ဆန်ဈေးမြင့်တက်လာရတယ်လို့ ဆန်ဈေးကွက်ကဆိုပါတယ်။ ဆန်ချောကတော့ ဒေသတွင်းစားသုံးသူဦးစားပေးဝယ်ယူမှုရှိနေလို့ စပါးဆန်ဈေးမှာ အနည်းငယ်ဈေးမြင့်နိုင်ပြီး ဆန်ကြမ်းဈေး ကတော့ ယခုလက်ရှိဈေးအတိုင်းသာ ဈေးငြိမ်မှုများရှိနိုင်ကြောင်းသိရပါတယ်။

   စပါးဈေးအနေနဲ့  ပေါ်ဆန်းစပါး တစ်တင်းကို ၇၆၉၆ ကျပ်၊ မီးဒုံး ၆၇၆၄ ကျပ်၊ နှံကား ၃၉၅၆ ကျပ်၊ သီးထပ်ရင် (နွေ) ၃၆၈၀ ကျပ် ဈေးအသီး သီးပေါက်ပြီး မေလ ပထမ တစ်ပတ်ထက် စပါး တစ်တင်းကို ၄၀ ကျပ်မှ ၁၈၀ ကျပ်နီးပါးအထိ ဈေးတက်လာပါတယ်။

  ဖျာပုံခရိုင်   ဆန်တင်ပို့မှုအနေနဲ့ ဧပြီလအတွင်း သြင်္ကန်ပိတ်ရက်များမှာ ဆန်တင်ပို့မှုမရှိသော်လည်း မေလ ပထမပတ်ကစလို့   ရန်ကုန်၊ ပခုက္ကူ၊ မြိတ်မြို့များသို့ဆန်တင်ပို့ခဲ့ရာ ၉၉၃၇၀ အိတ်၊ တင်ပို့နိုင်ခဲ့ပြီး ဒုတိယ အပတ်ထဲမှာတော့  ၇၆၄၄၅ အိတ်သာတင်ပို့နိုင်ခဲ့လို့ ဆန်တင်ပို့မှုလျော့ကျခဲ့ကြောင်းသိရပါတယ်။

မင်းဇော်မွန်-ဖျာပုံ